မြိတ်မြို့နယ် တောင်းရှည်ရွာမှ သုံးမွှာပူးကလေးမွေးဖွားခဲ့သည့် မိခင်နှင့်ကလေးငယ်များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေ(၅)သိန်းကျပ် ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့နယ် တောင်းရှည်ရွာမှ သုံးမွှာပူးကလေးမွေးဖွားခဲ့သည့် မိခင်နှင့်ကလေးငယ်များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေ(၅)သိန်းကျပ် ထောက်ပံ့

 


MNP - ဖေဖော်ဝါရီ   ၂၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သုံးမွှာပူးကလေးမွေးဖွားခဲ့သည့် မိခင်နှင့်ကလေးငယ်များအတွက် လူမှုဝန်ထမ်းဦးစီးဌာန၏ ထောက်ပံ့ငွေ(၅)သိန်းကျပ်ကို မြိတ်ခရိုင်လူမှုဝန်ထမ်းရုံး၌ ဖေဖော်ဝါရီ(၂၂)ရက် နံနက်(၁၀) နာရီက ထောက်ပံ့ပေးအပ်ခဲ့သည်။

ထောက်ပံ့ငွေကို လူမှုရေးအရ အထူးကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် ကလေးများကို စေတနာ့ဝန်ထမ်း ထောက်ပံ့မှုအစီအစဉ်ဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း၊ သုံးမွှာပူးကလေးငယ်များသည် ယောင်္ကျားလေးများဖြစ်ကြ၍ တောင်းရှည်ကျေးရွာ နေ (ဦးဘကျော်)+ဒေါ်ဖြူဖြူလွင်တို့မှ ရင်သွေးငယ်လေးများ ဖြစ်ကြပြီး (၂၀၂၁)ခုနှစ် မေလ (၁၉) ရက်နေ့တွင် မွေးဖွားခဲ့ကြကြောင်း သိရသည်။

ထောက်ပံ့ငွေ(၅)သိန်းကျပ်ကို လူမှုဝန်ထမ်းဦးစီးဌာန  ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းက သုံးမွှာပူးကလေး ကလေးငယ်များအတွက် ထောက်ပံပေးအပ်ခဲ့ရာ  မိခင် ဒေါ်ဖြူဖြူဝင်းမှ လက်ခံရယူခဲ့သည်။ ထောက်ပံ့ပေးအပ်ခြင်း အစီအစဉ်တွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - ခိုင်ထူး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)