စနစ်ကျလယ်ယာမြေ ဧက ၁၀၀ ကွင်းအတွင်း လူစီးနင်းမောင်းနှင်နိုင်သော သမန်းမွှေ စက်တုံး ကိရိယာဖြင့် မောင်းနှင်သရုပ်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စနစ်ကျလယ်ယာမြေ ဧက ၁၀၀ ကွင်းအတွင်း လူစီးနင်းမောင်းနှင်နိုင်သော သမန်းမွှေ စက်တုံး ကိရိယာဖြင့် မောင်းနှင်သရုပ်ပြပွဲ ကျင်းပ

 


MNP - ဖေဖော်ဝါရီ    ၆

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ဘိုးကြာညိုကျေးရွာ စနစ်ကျလယ်ယာမြေ ဧက ၁၀၀ ကွင်း၌ အမှတ် ၄၈ စက်မှုလယ်ယာ စခန်းက ယမန်နေ့ နံနက်ပိုင်းတွင်  လူစီးနင်းမောင်းနှင်နိုင်သော သမန်းမွှေစက်တုံး ကိရိယာဖြင့် မောင်းနှင်သရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သရုပ်ပြ မောင်းနှင်ပွဲသို့ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထက်နှင့် ရေတာရှည်မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်​ရောက်ခဲ့ရာ တောင်ငူခရိုင် စက်မှု လယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်သိန်းလွင်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၂၄ ဒသမ ၉ သန်းဖြင့် ဆောင်ရွက်လျက်ရှိသော စနစ်ကျ လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်း စီမံကိန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် နွေစပါးအတွက် လုပ်ငန်းလျာထားချက် မရှိသော်လည်း လက်ရှိတွင် ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်၍ နွေစပါးစိုက်ပျိုးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်တို့ကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့သည် စနစ်ကျလယ်ယာမြေ ဧက ၁၀၀ ကွင်းအတွင်း ရေသွင်းစိုက်ပျိုးရန်အသင့်ဖြစ်နေသော လယ်ကွက်၌ ရေတာရှည်မြို့၊ အမှတ် ၄၈ စက်မှုလယ်ယာစခန်းက ဦးစီး၍ လက်တွန်းထွန်စက်ငယ်ကို လူလိုက်ပါစီးနင်းမောင်းနှင် သမန်းမွှေသည့် စက်တုံးကိရိယာဖြင့် မောင်းနှင်ခြင်း သရုပ်ပြပွဲကို ဆက်လက်ကြည့်ရှုခဲ့ရာ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးသန်းဦးက စက်ကရိယာနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)