ကျောက်တန်းမြို့နယ် ကျိုက်မှော်ဝန်း ရေလယ်တော်စေတီတော်မြတ်(၁၁၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တန်းမြို့နယ် ကျိုက်မှော်ဝန်း ရေလယ်တော်စေတီတော်မြတ်(၁၁၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပ

 


MNP - ဖေဖော်ဝါရီ     ၂၇

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ရှေ့ဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မြတ်ကြီး၏ (၁၁၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို တပေါင်းလဆန်း ၇ရက်မှ တပေါင်းလပြည့်နေ့(မတ်လ ၈ ရက် မှ ၁၆ ရက်)နေ့ အထိ ကျင်းပမည်ဖြစ်သည်။

ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ၁၃၈၃ ခုနှစ် တပေါင်းလဆန်း ၇  ရက်   (မတ် ၈ ရက်) နေ့ မွန့်တည်၁၂နာရီတွင်  သံဃာတော်အရှင်သူမြတ်(၃၂)ပါးတို့က အဘိဓမ္မာဒေသနာတော်မြတ်ကို ရွတ်ဖတ် ပူဇော်ဖွင့်လှစ်ပြီး တပေါင်းလပြည့်နေ့(မတ်လ ၁၆)ရက်အထိ (၉)ရက်   တိုင်တိုင် ရွတ်ဖတ်ပူဇော် မည်ဖြစ်သည်။

တပေါင်းလဆန်း ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ (မတ်၁၄ ရက်နေ့မှ ၁၆ ရက်နေ့)အထိ စေတီတော်မြတ်တွင် ညစဉ်ဆီမီးပူဇော်ပွဲကျင်းပခြင်း၊ လပြည့်နေ့ နံနက်တွင် ဘုရားအနေကဇာတင်ခြင်း၊ အာရုဏ်ဆွမ်း ဆက်ကပ်ခြင်း၊ ဆွမ်းသပိတ်မျှောခြင်း ကျင်းပပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြမည်ဖြစ်ပါသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)