မုံရွာမြို့စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးလှဝင်းအောင် နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ မုံရွာမြို့နယ် ရွှေပြည်အေးရပ်ကွက် ခဝဲကျင်း နယ်မြေ(၂) ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးလှဝင်းအောင် နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ မုံရွာမြို့နယ် ရွှေပြည်အေးရပ်ကွက် ခဝဲကျင်း နယ်မြေ(၂) ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ



MNP - ဖေဖော်ဝါရီ    ၅

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အတူ မုံရွာမြို့စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးလှဝင်းအောင်သည် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ  မုံရွာမြို့နယ် ရွှေပြည်အေးရပ်ကွက် ခဝဲကျင်းနယ်မြေ(၂) ရှိ ဒေသခံပြည်သူများ၏  စီးပွားရေး၊ လူမှူရေး အစရှိသော လုပ်ငန်းများဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်း စေရေးရည်ရွယ်လျက် ပြည်သူများနှင့် တွေ့ဆုံအခမ်းအနားကို  ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့လယ်(၁)နာရီခွဲအချိန်က မုံရွာမြို့ နယ် ရွှေပြည်အေးရပ်ကွက် ခဝဲကျင်းနယ်မြေ(၂) အလယ် တန်းကျောင်းခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

       ရှေးဦးစွာ မုံရွာမြို့စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးလှဝင်းအောင် က နိုင်ငံတော်စီမံအုပ်ရေး ကောင်စီမှ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံတော်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် တည်ငြိမ် အေးချမ်းမှု့ပျက်ပြားစေနိုင်သော ဥပဒေပြဌာန်းချက်များအပေါ် ရှင်းလင်းပြောကြားပြီး ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာများနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဖြစ်သော ပညာရေး၊ကျန်းမာရေး အစရှိ သောလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အခက်အခဲများ၊ လိုအပ်သည်များကို ရင်းနှီးပွင့်လင်းစွာတင်ပြ၍ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ပေါင်းစပ်ဆောင်ရွက် နိုင်ရေး အကြံပြုဆွေးနွေးပေးကြရန်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ခဝဲကျင်း နယ်မြေ(၂)အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ရမည့်လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားနိုင်ရေး  အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ပြီး တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်သူများအတွက် နယ်မြေလုံခြုံရေး ပူးပေါင်းဆောင်ရွက်ပေးနေမှုအခြေအနေများအပြင် မိမိတို့ဌာနများအလိုက် လုံခြုံရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ၊အိမ်ထောင်စုဇယားများ၊ မြေယာကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍစသည်တို့နှင့် စပ်လျဉ်း ၍ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ မုံရွာမြို့နယ် အတွင်းရှိ ပြည်သူများအတွက် လူမှုရေး၊ ကျန်းမားရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ ကျေးရွာလျှပ်စစ်မီးလင်း ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေး အစရှိသည့် လူမှုရေးလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်မှုရရှိစေရေး ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက မိမိတို့ ခဝဲကျင်းနယ်မြေအတွင်း ထပ်တိုးလျှပ်စစ်မီတာလုံးများရရှိရေး၊ သိမ်းဆည်းမြေယာလျှော်ကြေးရရှိရေး  ပြည်သူများက လျှပ်စစ်ဓါတ်အား အမြန်ပေးသွင်းမည့် အခြေအနေများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လုပ်ပေးရန်ကိစ္စများတို့ကို တင်ပြဆွေးနွေးခဲ့ရာ မုံရွာမြို့စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးလှဝင်းအောင်က လိုအပ်မှုအခြေအနေများအပေါ် သက်ဆိုင်ရာဌာနများနှင့် အဆင်ပြေ လွယ်ကူစွာဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး အဆိုပါ ခဝဲကျင်း နယ်မြေ(၂)မှ ပြည်သူများအတွက် ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေးများကို တာဝန်ရှိသူများမှ ထိုးနှံပေးခဲ့ ကြောင်းသိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)