ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ခွင့်ပြုငွေဖြင့် ကျေးလက်ဒေသ မီးလင်းရေး ဆောင်ရွက်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ခွင့်ပြုငွေဖြင့် ကျေးလက်ဒေသ မီးလင်းရေး ဆောင်ရွက်မည်

 


MNP - ဖေဖော်ဝါရီ    ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (Village Development Plan) VDP ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းရွေးချယ်ပွဲကို ဖေဖော်ဝါရီ ၂ ရက် ညနေ ၃ နာရီက တလိုင်းကွင်းကျေးရွာအုပ်စု၊ မကျည်းပင်ကွင်းဒေါင့်ကျေးရွာရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

အဆိုပါ လုပ်ငန်းရွေးချယ်ပွဲတွင် ကြံခင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးက ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ၆ လကာလတိုအတွင်း ကျေးရွာလူထု၏ ထည့်ဝင်ငွေ၊ ဦးစီးဌန၏ခွင့်ပြုရန်ပုံငွေတို့ဖြင့် ကျေးလက်နေပြည်သူများ၏ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လိုသည့် ကျေးရွာမီးလင်းရေးလုပ်ငန်း၊ ကျေးရွာလမ်းခင်းခြင်း လုပ်ငန်း နှင့် သောက်သုံးရေရရှိရေး လုပ်ငန်းများအနက်မှ ဦးစားပေးလုပ်ငန်းအား ရွေးချယ်အတည်ပြုသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျေးရွာပြည်သူလူထုမှ ကျေးရွာမီးလင်းရေးလုပ်ငန်း ရွေးချယ်တင်ပြမှုအား မြို့နယ် ဦးစီးမှူးနှင့် တာဝန်ရှိသူများက စံသတ်မှတ်ချက်များနှင့်အညီ အတည်ပြုသတ်မှတ်ပေးသည်။ အဆိုပါ ကျေးရွာမီးလင်းရေးလုပ်ငန်း (၄၀၀ ဗို့ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်း) အား ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ VDP စီမံကိန်း ခွင့်ပြုရန်ပုံငွေကျပ် သိန်းတစ်ရာနှင့် ကျေးရွာ ပြည်သူ လူထု၏ ထည့်ဝင်ငွေ ကျပ် ၃၁ သိန်းတို့ဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ၆ လကာလအတွင်း အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

သတင်း - ထွန်းဇော်ထွန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)