ပြည်ပြေး နိုင်ငံရေးလုပ်စားသူ မင်းကိုနိုင်၏ လှုံ့ဆော်မှုကို ထပ်ဆင့်ဖြန့်ဝေ လှုံ့ဆော်သူ အဆိုတော်နီတာ ထွက်ပြေးတိမ်းရှောင်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး နိုင်ငံရေးလုပ်စားသူ မင်းကိုနိုင်၏ လှုံ့ဆော်မှုကို ထပ်ဆင့်ဖြန့်ဝေ လှုံ့ဆော်သူ အဆိုတော်နီတာ ထွက်ပြေးတိမ်းရှောင်နေ


MNP ၊ ဖောဖော်ဝါရီ ၄

မဲသူခိုး အကြမ်းဖက် NLD ပါတီ အာဏာလက်မဲ့ဖြစ်ခဲ့ရသည့် ဖေဖော်ဝါရီ (၁)ရက်နေ့က ပြည်ပြေး နိုင်ငံရေးလုပ်စားသူများသည် အသံတိတ်သပိတ်၊ လက်ခုပ်တီးသပိတ်များ လုပ်ဆောင်ရန် လှုံ့ဆော်ခဲ့ကြပြီး အဆိုပါ မဲသူခိုး အကြမ်းဖက် NLD ပါတီမှ နိုင်ငံရေးလုပ်စားသူ ပြည်ပြေးများ၏ လှုံ့ဆော်ဝါဒဖြန့်မှုများကို သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်း၊ ထပ်ဆင့်လှုံ့ဆော်ခြင်းများပြုလုပ်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။

အသိပေးထုတ်ပြန်ထားသည်ကို မသိကျိုးကျွန်ပြု၍ မဲသူခိုး အကြမ်းဖက် NLD ပါတီကို ထောက်ခံအားပေးသူများက ထပ်ဆင့်ဖြန့်ဝေလှုံ့ဆော်ဝါဒဖြန့်မှုများ ပြုလုပ်ခဲ့ရာ ဖမ်းဆီးအရေးယူမှုများနှင့် ပတ်သက်၍ သတင်းမှန် ပြန်ကြားရေးက ၄ရက်ဆက်တိုက် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

မဲသူခိုး အကြမ်းဖက် NLD ပါတီမှ နိုင်ငံရေးလုပ်စားသူ မင်းကိုနိုင်၏ ရုပ်ပုံဖြင့် အသံတိတ်သပိတ်၊ လက်ခုပ်တီးသပိတ်များ  အကြမ်းဖက်အားပေး အဆိုတော် နီတာ ထပ်ဆင့်လှုံ့ဆော်ခဲ့ပြီး ယခုအခါ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

မဲသူခိုး အကြမ်းဖက် NLD ပါတီသည် အာဏာလက်မဲ့ဖြစ်သွားသည့်နေ့မှ တစ်နှစ်တိတိပြည့်သည့်နေ့တွင် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၁၉၈၈ ဦးအထိ လုပ်ကြံသတ်ဖြတ်ခဲ့သော အကြမ်းဖက်ပါတီဖြစ်သည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)