ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး


MNP - ဖေဖော်ဝါရီ    ၂၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ယမန်နေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ထနောင်းကုန်းကျေးရွာသို့ သွားရောက်ပြီး ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံ၍ အသိပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က မြို့နယ်အတွင်း ဒေသခံပြည်သူများ လူမှုဘဝဖွံ့ဖြိုးလုံခြုံစေရေးအတွက် ရပ်ရွာ‌အေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လာရောက်အသိပေး ရှင်းလင်းဆွေးနွေးခြင်းဖြစ်ကြောင်း၊ ကျေးရွာနေ ပြည်သူများအနေဖြင့် မိမိရပ်ရွာဖွံ့ဖြိုး တိုးတက်ရေး၊ နယ်မြေလုံခြုံရေး၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ   ကြိုတင်ကာကွယ်နိုင်ရန် သတ်မှတ်ဆေးထိုး အကြိမ်ရေပြည်မီအောင်  ထိုးနှံကြရန်လိုအပ်ကြောင်း၊ ပွင့်လင်းရာသီချိန် ရောက်ရှိလာပြီဖြစ်၍ မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိကြစေလိုကြောင်း၊ ထို့အပြင် ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း၊  မိမိတို့ ရပ်ရွာအေးချမ်းသာယာမှုရှိစေရေး လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို သိရှိလိုက်နာပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ချပြရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက် လာသည့် ကျေးရွာရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက မိမိတို့ရပ်ရွာ ဒေသဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်လိုသည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။     

သတင်း - ရဲဝင်းနိုင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)