MNP ၊ ဖေဖော်ဝါရီ ၁၆
NLD အစွန်းရောက် အကြမ်းဖက်လှုံ့ဆော်သူ အဆိုတော်လင်းလင်းနှင့် ချစ်သုဝေတို့၏ ကွန်ဒိုတိုက်ခန်းအား တာဝန်ရှိသူများက ချိတ်ပိတ်သိမ်းဆည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်လှုံ့ဆော်သူ အဆိုတော်လင်းလင်းနှင့် ချစ်သုဝေတို့ လင်မယား ပိုင်ဆိုင်သော တိုက်အမှတ်-တီ(T) ၊ အခန်း-၆ ၊ ရွှေအင်ကြင်းရိပ်မွန်အိမ်ယာ၊ ဝေယန္တာလမ်းနှင့် သံသုမာလမ်းထောင့်၊ အောင်ဆုပန်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြိုနယ်၊ ရန်ကုန်တိုင်းဒေသကြီး ရှိ နေအိမ်ကို ချိတ်ပိတ်သိမ်းဆည်းခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ထင်ပေါ်ကျော်ကြားမှုကို အသုံးချ၍ လူငယ်များကို အကြမ်းဖက်သမားများဖြစ်စေရန်အထိ လှုံ့ဆော်ခဲ့ကြသူများ၏ နေအိမ်လိပ်စာများကို ဟန်ငြိမ်းဦးက ဖော်ထုတ်တင်ပြလျှက်ရှိပြီး နောက်ထပ်ချိန်ပိတ်ရန်ကျန်ရှိနေသော အကြမ်းဖက်လှုံ့ဆော်သူ ဝရမ်းပြေး R ဇာနည် ရဲ့ အိမ်လိပ်စာက “အမှတ်(၅၈/A)၊ (၁၀)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်မြိုနယ်၊ ရန်ကုန်တိုင်းဒေသကြီး” ဖြစ်ပြီး ပြည်ပကို ထွက်ပြေးတိမ်ရှောင်နေသူ အပျံမဟု လူသိများသည့် ပန်ဆယ်လို၏ နေအိမ်မှာလည်း ခုချိန်ထိချိတ်မပိတ်ရသေးကြောင်း အိမ်လိပ်စာက အမှတ်(၅၅၆)၊ ပြည်ပန်ညိုလမ်း၊ (၄၁) ရပ်ကွက် ၊ ဒဂုံမြိုသစ်(မြောက်ပိုင်း) မြို့နယ် ဖြစ်ကြောင်း ဟန်ငြိမ်းဦးက ဖော်ထုတ်ရေးသားထားသည်။
အဆိုတော်လင်းလင်းမှာ အစောဆုံး ဝရမ်းထုတ်ခံရသူများစာရင်းတွင် ပါဝင်သူ ဖြစ်ပြီး အစောဆုံး ထွက်ပြေးတိမ်းရှောင်သွားသူလည်း ဖြစ်သည်။ မင်းကိုနိုင်၊ ဂျင်မီ၊ မျိုးရန်နောင်သိန်း၊ လင်းလင်း၊ မောင်မောင်အေး၊ ပန်ဆယ်လို၊ အင်းစိန်အောင်စိုး (၇)ဦးအနက်မှ အကြမ်းဖက်လုပ်ငန်းများတွင် ကိုယ်တိုင် ဦးစီးဆောင်ရွက်သူ ဂျင်မီတစ်ဦးကိုသာ ဖမ်းဆီးရမိခဲ့ပြီး သေဒဏ်ချမှတ်ထားသည်။ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို တို့ (၃)ဦးမှာ အကြမ်းဖက်အားပေး အမေရိကန် နိုင်ငံ၏ အကူအညီဖြင့် ပြည်ပသို့ ခိုးထွက်ကာ အမေရိကန်နိုင်ငံတွင် ခိုလှုံ့ခွင့်ရရှိပြီး အကြမ်းဖက်လှုံ့ဆော်မှုများ၊ အကြမ်းဖက်သမားများအတွက် ရန်ပုံငွေ ရှာဖွေခြင်းများ ပြုလုပ်လျက်ရှိသည်။ အင်းစိန်အောင်စိုးမှ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။
အကြမ်းဖက်လှုံ့ဆော်သူ လင်းလင်းနှင့် Rဇာနည်တို့သည် အကြမ်းဖက်လှုံ့ဆော်သီချင်းတစ်ပုဒ်ကို သီဆို၍ Youtube မှ လွှင့်တင်ထားပြီး ပြန်လည်ကူးယူဖော်ပြခြင်းမပြုကြရန် ကြည့်ရှုသူများပြီး အကြမ်းဖက်လှုပ်ရှားမှုများတွက် ဝင်ငွေရအောင် ဖန်တီးထားခြင်းဖြစ်သည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment