ကလိန်အောင်မြို့တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြို စာအုပ်စာစောင်ပြပွဲ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလိန်အောင်မြို့တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြို စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်




ကလိန်အောင် ဖေဖော်ဝါရီ  ၆

အနာဂတ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ စာပေနှင့် ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားရရှိလာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့အထိမ်းအမှတ် အကြို စာအုပ်စာစောင်ပြပွဲကို ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ ကလိန်အောင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးမိုးခိုင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မမေ့သင့် မမေ့အပ်သော နေ့ထူးနေ့မြတ်များအ‌‌ကြောင်းကို သိရှိစေရန်၊ စာပေနှင့်ရင်းနှီးကျွမ်းဝင်စေရန်၊ သုတ/ရသစာပေများကိုခွဲခြားသိရှိစေရန်နှင့် စာကြည့်တိုက်အား အကျိုးရှိစွာ အသုံးပြုတတ်စေရန် ရည်ရွယ်၍  သုတ/ရသစာပေများကို စုံလင်စွာပြသပေးခဲ့ရာ အ-ထ-က၊ ကလိန်အောင်မှ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ‌ လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။


သတင်း - မိုးမိုးခိုင်

https://t.me/MyanmarNationalPost

http://www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)