မိုင်းနောင်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းနောင်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းများ ဆောင်ရွက်


MNP - ဖေဖော်ဝါရီ     ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်းရှိ  ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်(၈)နာရီအချိန်က တိုက်နယ်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။

မိုင်းနောင်မြို့တိုက်နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်နှင့် တပ်ရင်းတပ်ဖွဲ့များအား ငှက်ဖျား၊ AIDS နှင့် အခြားရောဂါများ ရှိ/မရှိ စစ်ဆေးပေးခြင်း၊ အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ငါးမျိုးစပ် ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)ဆေး၊ ပြင်းထန်အဆုတ်ရောင်၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေးများ၊ ပိုလီယိုရောဂါကာကွယ်ဆေးများ ထိုးနှံခြင်း၊ တိုက်ကျွေးခြင်း၊ အသက်(၉)နှစ်မှ(၁၀)နှစ်ထိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးများ ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကလေးငယ်နှင့်အမျိုးသမီးငယ်များ(၅၃)ဦး လာရောက်ထိုးနှံ၍ ဆေးတိုက်ကျွေးခဲ့ကြောင်း သိရသည်။

သတင်း- မနန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)