ယူကရိန်းသမ္မတ ဇင်လင်စကီး က ရုရှားနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းသမ္မတ ဇင်လင်စကီး က ရုရှားနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ပြောကြား


MNP ၊ ဖေဖော်ဝါရီ ၂၅

ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးဟာ ဒေသတွင်း လုံခြုံရေးဆိုင်ရာ အာမခံချက်ပေးရန် ရုရှားနိုင်ငံနဲ့ သဘောတူမှုအတွက် ငြင်းဆိုခဲ့တဲ့အတွက်ကြောင့် ၎င်းရဲ့အခွင့်အရေးတွေကို လက်လွတ်ဆုံးရှုံးခဲ့ရတာ ဖြစ်တဲ့အကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်က ယနေ့ ၂၅-၂-၂၀၂၂ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Lugansk People's Republic (LPR) နိုင်ငံခြားရေးဝန်ကြီး Vladislav Deinego နဲ့ Donetsk People's Republic (DPR) ရဲ့ ပထမလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Sergey Peresada တို့နဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးက အခုလို ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

 "လုံခြုံရေးအာမခံချက်အတွက် ရွေးချယ်စရာ အမျိုးမျိုးကို ကျွန်တော်တို့ ကမ်းလှမ်းထားပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြင်သစ်သမ္မတ Emmanuel Macron နဲ့ ညှိနှိုင်းမှု ရလဒ်တွေအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ သူက ရှင်းရှင်းလင်းလင်းပြောရရင် နေတိုးရဲ့ ချဲ့ထွင်မှုကို လက်မခံနိုင်ပေမယ့် ကျွန်တော်တို့  ပူးတွဲညှိနှိုင်းမှုများ၊ လုံခြုံရေးအခြေအနေများ အာမခံပေးမယ့် ပူးတွဲကြိုးပမ်းမှုများ၊ သက်ဆိုင်ရာ ယူကရိန်း၊ ဥရောပနိုင်ငံများအတွက် ဖြစ်နိုင်ခြေတွေနဲ့ လိုအပ်ချက်တွေကို အာမခံပေးမယ့် လုံခြုံရေးကို အာမခံချက်ပေးမယ့် ကြိုးပမ်းမှု တွေကတစ်ဆင့် ယင်းကဲ့သို့သော ရွေးချယ်မှုများကို ရှာဖွေလိုပါတယ်။ ဒါကြောင့် ယူကရိန်း သမ္မတ Zelensky ရဲ့ လွတ်သွားတဲ့ အခွင့်အလမ်းတွေဟာ  လူသိများပြီး အခုချိန်မှာတော့ အပြစ်မတင်သင့်ပါဘူး” လို့ Lavrov က အလေးပေး  ပြောကြားခဲ့ပါတယ်။

Zelensky ကို ပေးအပ်တဲ့ အခွင့်အလမ်းတွေ ပြတ်တောက်မှု မရှိခဲ့ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးက အလေးပေး ပြောကြားခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှာ  ရုရှားနိုင်ငံဟာ "စစ်ရေး-နိုင်ငံရေး အစုအဖွဲ့များ ချဲ့ထွင်ရေး မူဘောင်အပြင်ဘက်မှာ အာမခံချက်များ ရှာဖွေဖို့အတွက် တိကျစွာ ရည်ရွယ်တဲ့ လုံခြုံရေး အာမခံချက်" ဆိုင်ရာ အဆိုပြုချက်တွေကို တင်ပြခဲ့ပါတယ်။

ဒါ့အပြင် တစ်ခုတည်းသော အခြေအနေကတော့ OSCE မူဘောင်အတွင်း လက်မှတ်ရေးထိုးထားတဲ့ အမြင့်ဆုံးအဆင့် သဘောတူညီချက်တွေကို ဖြည့်ဆည်းဖို့က မိမိနိုင်ငံရဲ့လုံခြုံရေးကို ခိုင်ခံ့အောင်လုပ်ဖို့ ဘယ်နိုင်ငံကမှ တခြားနိုင်ငံတွေရဲ့ လုံခြုံရေးအင်အားကို အသုံးမပြုရန် ဆိုတဲ့အကြောင်းပါ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ယူကရိန်းသမ္မတ Zelensky က မော်စကိုအား ယနေ့ သောကြာနေ့ မနက်အစောပိုင်းမှာ မော်စကို နဲ့ ကိယက်ဗ် ဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့ပြီးတော့ တိုက်ပွဲများကြောင့် ဆုံးရှုံးမှုဖြစ်ခြင်းကို လျှော့ချရန် ဖြစ်နိုင်သမျှ အမြန်ဆုံး လုပ်ဆောင်ရန် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။  ယူကရိန်းရဲ့ ကြားနေအနေအထားနဲ့ လုံခြုံရေးအာမခံချက်ကိစ္စကို ရုရှားနဲ့ ဆွေးနွေးရမှာကို မကြောက်ပါဘူး ဆိုတဲ့အကြောင်းကို အစောပိုင်းက ပြောကြားခဲ့ပါတယ်။ ယူကရိန်းသမ္မတက ယူကရိန်းရဲ့ အနောက်အုပ်စု မိတ်ဖက်နိုင်ငံတွေဟာ ယကရိန်းကို လုံခြုံရေး အာမခံချက် မပေးဘဲ နေတိုးအဖွဲ့သို့ အဖွဲ့ဝင်နိုင်ငံ အဖြစ်သတ်မှတ်ရန် တွန့်ဆုတ်နေကြတယ်လို့လည်း ပြောကြားခဲ့ပါတယ်။


р_в_мать_сын 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)