MNP - ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ကုသရေးစင်တာများသို့ ယမန်နေ့ နံနက်ပိုင်းက အင်အားဖြည့်အစားအစာများကို ထောက်ပံ့လှူဒါန်း ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကုသရေးစင်တာများသို့ လက်သန့်ဆေးရည်၊ Mask၊ လက်အိတ်၊ ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် သီးစုံဓါတ်ဆားများကို နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလွင်က ထောက်ပံ့ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျတို့က လက်ခံရယူခဲ့သည်။
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများ၊ ကိုဗစ်-၁၉ ကုသရေးစင်တာများသို့ အာဟာရဖြည့် အစားအစာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ဆက်လက်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်း - မြင့်မောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment