၂၀၂၂ ခုနှစ်၊ နေပြည်တော်ကောင်စီ အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ ခုနှစ်၊ နေပြည်တော်ကောင်စီ အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ


MNP - ဖေဖော်ဝါရီ    ၄

လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်သူများဖြစ်ပေါ်လာစေရန်၊ အားကစားစိတ်ဓာတ်ကို အခြေခံပြီး ကာယ၊ ဉာဏ၊ စာရိတ္တကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်ထောင်စုနယ်မြေ ကိုယ်စားပြု အားကစားသမားကောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ နေပြည်တော် ကောင်စီ အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲကို ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပလျက်ရှိရာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီတွင် အဆိုပါ အားကစား ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီ နာယက၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီ အမျိုးသမီး အဖွဲ့နာယက ဒေါ်ယုဇနပြုံးနှင့်တာဝန်ရှိသူများ၊ သက်ဆိုင်ရာဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် မြို့နယ်(၈) မြို့နယ်တို့မှ အုပ်ချုပ်သူ၊နည်းပြများနှင့် ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြိုင်ပွဲကျင်းပရေးကော်မတီ နာယက နေပြည်တော်ကောင်စီ အမျိုးသမီးအဖွဲ့  နာယက ဒေါ်ယုဇနပြုံး နှင့်အဖွဲ့ဝင်များက တစ်ဦးချင်ပြိုင်ပွဲ၊ အကြီးတန်းအသင်းလိုက်(၃)ဦးပြိုင်ပွဲနှင့် အကြီးတန်း အသင်းလိုက်(၅)ဦးပြိုင်ပွဲတို့တွင် ဆုရရှိကြသူများအား ဆုတံဆိပ်နှင့် ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ပေး ကြသည်။

ထို့နောက် နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီဥက္ကဌ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီ နာယက၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက နေပြည်တော်ကောင်စီ အမျိုးသမီး အားကစား အဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့် ခန်း(အေရိုးဗစ်) ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားရရှိသည့် ဇမ္ဗူသီရိမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ပေး ခဲ့ကြောင်း သိရသည်။

သတင်း - ခန့်ဝင်းကျော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)