ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၁၈ နှစ်အထက် ပြည်သူများအား ပထမအသုတ်(ဒုတိယအကြိမ်) ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၁၈ နှစ်အထက် ပြည်သူများအား ပထမအသုတ်(ဒုတိယအကြိမ်) ဆက်လက်ထိုးနှံ



MNP - ဖေဖော်ဝါရီ    ၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရ သေးသည့် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရွှေညိုမကျေးရွာအုပ်စုမှ အသက် ၁၈ နှစ်အထက်ရှိပြည်သူများအား ၎င်းကျေး ရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ပထမအသုတ်(ဒုတိယအကြိမ်)အဖြစ် အဆိုပါရောဂါကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

ထိုသို့  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် ကျေးရွာအတွင်းမှ စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြ သည့် အသက် ၁၈ နှစ်အထက်ရှိသူများ၊ ရဟန်းသံဃာတော်များ၊ ဘိုး/ဘွားများနှင့် ဦးစားပေးအုပ်စုတွင်ပါဝင်သူများကို သတ်မှတ်နေရာများသို့ လိုက် ပါပို့ဆောင်ပေးခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများ သာ ကာကွယ်ဆေးများကို ထိုးနှံပေးသည်။

ကျောက်ဖြူမြို့နယ်၊ ရွှေညိုမကျေးရွာတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့က ၎င်းကျေးရွာမှပြည်သူ ၁၆၄၀ ဦးအား (ပထမအကြိမ်)ထိုးနှံပေးထားပြီးဖြစ်ကာ ယနေ့တွင် ပထမအကြိမ်ထိုးနှံခဲ့သူများအား ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။  

သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)