MNP - ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပထမအကြိမ် မြစိမ်းရောင်စီမံကိန်းဖြင့် ငွေထုတ် ချေးခြင်းကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရောင်အူကျေးရွာ အုပ်စုရောင်အူဝကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပထမအကြိမ် မြစိမ်းရောင်စီမံကိန်း လုပ်ငန်းမှ ချေးငွေများကို ၂၀၂၁-၂၀၂၂ခု ပထမ(၆)လ ဘတ်ဂျက်တွင် ရောင်အူဝအုပ်စု၊ ရောင်အူဝကျေးရွာအတွင်းရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ(၃)ဦး၊ မွေးမြူရေး လုပ်ကိုင်သူ(၁၄)ဦးနှင့် အရောင်းအဝယ် လုပ်ကိုင်သူ(၃)ဦး၊ စုစုပေါင်းအသင်းသား(၂၀)ဦးတို့အား စုစုပေါင်း ရန်ပုံငွေကျပ်(၃၀၀)တိတိ ထုတ်ချေး ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ မြစိမ်းရောင်စီမံကိန်းလုပ်ငန်း ချေးငွေထုတ်ချေးပေးခြင်းကို မက်မန်းမြို့နယ် မြို့နယ် စီမံအုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့်အတူ မြို့နယ်မြစိမ်းရောင် စီမံကိန်းအဖွဲ့ဝင်များ လိုက်ပါပြီးစီမံကိန်း ရန်ပုံငွေများ ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
သတင်း - သန်းမြတ်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment