ကျိုက်ထိုမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်








MNP ၊ ဖေဖော်ဝါရီ  ၁၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖေဖော်ဝါရီ(၁၅)ရက် နံနက်ပိုင်းက မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းသီတာ က ရာသီဥတုပြောင်း လဲမှုဆိုင်ရာ ဖြစ်စဉ်များ၊ အယ်(လ)နီညိုနှင့် လာနီညာဆိုင်ရာသိကောင်းစရာများ၊ မုန်တိုင်းဖြစ်စဉ် မုန်တိုင်းဘေးအတွက် သတ်မှတ်ထားသည့်အရောင်ငါးမျိုးဆိုင်ရာ သိကောင်းစရာများ၊ မွန်ပြည်နယ်အတွင်း အဖြစ်များသည့် ဘေးအန္တရာယ်များနှင့် သတိပြုရမည့်အချက်များ၊ ဘေးအန္တရာယ် ၈ မျိုးနှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ စသည့် သဘာဝေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျောင်း သားကျောင်းသူများနှင့် အပြန်အလှန် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဝေငှပေးခဲ့သည်။

အဆိုပါဟောပြောပွဲ့သို့ ကျိုက်ထိုမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ အထက(၁)ကျိုက်ထို မှဆရာ‌/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - သန်းသန်းမော်(ကျိုက်ထို)

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)