MNP ၊ ဖေဖော်ဝါရီ ၂၅
စစ်ဗျူဟာအဖွဲ့(အခြေချ) ဟားခါးတပ်နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပညာသင်ကြားပေးနေမှုအား ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က သွားရောက်ကြည့်ရှုခဲ့သည်။
ထိုသို့သွားရောက်ကြည့်ရှုရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းတို့က လိုက်ပါလာပြီး ဟားခါးတပ်နယ် အခြေခံပညာ မူလတန်းလွန်ကျောင်း၌ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းနှင့် ဆရာ၊ ဆရာမများက ကြိုဆိုကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ရည်မှန်းချက်မြင့်မြင့် ထားရှိဖို့လိုသလို မိမိ၏ရည်မှန်းချက် အောင်မြင်အောင်လည်း ကြိုးစားအားထုတ်ဖို့လိုကြောင်း၊ အဓိက စာကြိုးစားဖို့လိုကြောင်း အားပေးစကား ပြောကြားသည်။
ယင်းနောက် ကျောင်းအုပ်ဆရာကြီးရုံးခန်းတွင် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အားပေးစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြည့်အစားအစာများ ဝယ်ယူရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ဟားခါးတပ်နယ် အခြေခံပညာမူလတန်းလွန်ကျောင်းကို ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး KG (၁၂)ဦး၊ Grade -1 (၆) ဦး၊ Grade -2 (၃) ဦး၊ Grade -3 (၆) ဦး၊ Grade -4 (၉)ဦး၊ Grade -6 (၉) ဦး၊ Grade -7 (၇) ဦး၊ ပေါင်း (၅၂) ဦးတို့မှ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment