MNP - ဖေဖော်ဝါရီ ၅
ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကျင်းပပြုလုပ်သော စာစီစာကုံး၊ ဆောင်းပါးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်သည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါ တက္ကသိုလ်ခန်းမဆောင်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးလွင်နှင့် ပါမောက္ခ(ဌာနမှူး)များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက် ခဲ့ကြသည်။
ထို့နောက် ပြည်တက္ကသိုလ်၌ ယခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်က ကျင်းပခဲ့သော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါးနှင့် ကဗျာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ဘာသာရပ်စုံသင်တန်း အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ (၂၈)ဦးအနက် ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် အထူးဆုများကို ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များက ကျောင်းသား၊ ကျောင်းသူများထံ ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး အမှတ်တရ စုပေါင်း မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
သတင်း - ကိုဆက်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment