မဘိမ်းမြို့နယ် လဝါကျေးရွာတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဘိမ်းမြို့နယ် လဝါကျေးရွာတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပ


MNP - ဖေဖော်ဝါရီ    ၁၇          

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် လဝါကျေးရွာတွင် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က လဝါကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ကျောင်းဆောင်သစ်အား မဘိမ်းမြို့နယ်ပညာရေးမှူး ဒေါ်သန်းတင်၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးကိုကိုအေး၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးကျော်မောင်မောင်အေး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်အောင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဦးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

အဆိုပါ ကျောင်းဆောင်သစ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်သိန်း (၁ဝဝဝ)၊ ကမ္ဘောဇဘဏ်လီမိတက်မှ အလှူငွေကျပ်သိန်း(၂ဝဝ)၊ FORVER Group ကုမ္ပဏီလီမိတက်မှ အလှူ ငွေကျပ်သိန်း(၁ဝဝ)နှင့် ကျေးရွာအလှူရှင်များမှ လှူဒါန်းငွေကျပ်သိန်း(၄ဝဝ)၊ စုစုပေါင်းငွေကျပ် သိန်း(၁၇ဝဝ)ဖြင့် ဆောက်လုပ်ခဲ့ကာ ကျောင်းဆောင်သစ်မှာ အလျား ၁၃ဝ ပေ၊ အနံ ၃ဝ ပေနှင့် အမြင့် ၂၄ ပေရှိ RCC နှစ်ထပ်ကျောင်းဆောင်သစ်ဖြစ်ကြောင်း သိရသည်။

သတင်း - မျိုးမင်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)