(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းနှင့် ထားဝယ်ခရိုင်မှ ထူးချွန်မြန်မာ့ လက်ရွေးစင် အားကစားသမား(၂)ဦးအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းနှင့် ထားဝယ်ခရိုင်မှ ထူးချွန်မြန်မာ့ လက်ရွေးစင် အားကစားသမား(၂)ဦးအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

 


MNP - ဖေဖော်ဝါရီ    ၄

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းနှင့် ထားဝယ်ခရိုင်မှ ထူးချွန်မြန်မာ့လက်ရွေးစင် အားကစားသမား(၂)ဦးအား ဆုချီးမြှင့်ခြင်း အခမ်းအနား ကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က ထားဝယ်မြို့၊ ဖူဆယ် အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖူဆဘ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်လာသော ဆူနာမီအသင်းနှင့် ROC-FC အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး ဦးယဉ်ထွေး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစား ဝါသနာရှင်များတို့က ကြည့်ရှု့အားပေးရာ ROC-FC အသင်း က (၈)ဂိုး(၄)ဂိုးဖြင့် အနိုင်ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ က တင်းနစ်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ (လူသစ်တန်း၊ အလွတ်တန်း)၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်ဘောလုံး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဆုများပေးအပ် ချီးမြှင့်ပြီး ဒုတိယဆုရရှိသော ဆူနာမီအသင်းအား ငွေသားဆုနှင့် ဆုဖလားပေးအပ် ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက ပထမဆုရရှိသော ROC-FC အသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ပြီး ၂၀၁၉ ခုနှစ်၊ စင်္ကာပူဆီးဂိမ်းဂျူဒိုပြိုင်တွင် တတိယဆုရရှိသည့် သရက်ချောင်း မြို့နယ်မှ မခြူးမြတ်နိုးဝေအား လည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၏  ဝူရှုး(ဆန်းဆို)ပြိုင်ပွဲတွင် ပထမဆုရွှေတံဆိပ်ရရှိခဲ့သည့် သရက်ချောင်းမြို့နယ်မှ မနီနီအေးအားလည်းကောင်း တိုင်းဒေသကြီး အစိုးအဖွဲ့က ဂုဏ်ပြု ဆုငွေကျပ်(၁)သိန်းစီ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)