ထီးချိုင့်မြို့နယ်၌ မြသိန်းတန်စေတီတော်မြတ်ကြီး၏ (၄၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထီးချိုင့်မြို့နယ်၌ မြသိန်းတန်စေတီတော်မြတ်ကြီး၏ (၄၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ


MNP - ဖေဖော်ဝါရီ   ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် မြသိန်းတန်စေတီတော်မြတ်ကြီး၏ (၄၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့နံနက်(၈)နာရီအချိန်က မြသိန်းတန်စေတီတော် မဟာဝိဇယဓမ္မဗိမ္မာန်တော်ကြီးတွင် ကျင်းပ ပြုလုပ်သည်။

အခမ်းအနားကို နမောဒဿသုံးကြိမ်ရွတ်ဆို၍ မင်္ဂလာရန်ကင်းဆရာတော် ဦးစန္ဒာသီရိထံမှ (၈)ပါးသီလခံယူ ဆောက်တည် ၍ ရေစက်ချတရားချီးမြှင့်သည်။

 ထို့နောက် အကျိုးတော်ဆောင်ဦးလှထွန်းမှ စေတီတော်ကြီးနှင့်ပတ်သတ်၍ ရှေ့ဆက် လုပ်ဆောင်မည့်လုပ်ငန်းစဉ်များကို ဆရာတော်ကြီးများအား လျှောက်ထားပြီး အကျိုးတော်ဆောင် ဦးမြင့်ဌေးမှ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ် ထားသော စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ရသဖြင့် မြို့ပေါ်ကျောင်းတိုက်(၁၈)တိုက်ရှိ ရဟန်းသံဃာတော် များကိုသာ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းကို ဆရာတော်အရှင်သူမြတ်တို့အား လျှောက်ထားပြီး မိမိတို့လှူဒါန်း ထားသော ငွေပဒေသာပင် အလှူတော်ငွေနှင့် ဆွမ်းအလှူတော်တို့ကို ဆပ်ကပ် လှူဒါန်းကြသည်။

အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ၊ ငွေပဒေသာပင် အလှူရှင်များနှင့် ဆွမ်းအလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - ရဲလင်းထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)