ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၁)ဦး ထပ်မံတွေ့ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၁)ဦး ထပ်မံတွေ့ရှိ


MNP ၊ ဖေဖော်ဝါရီ  ၂၇

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌  ဖျားနာ ၊ချောင်းဆိုး၊ နေမကောင်း၍ မောင်တော ပြည်သူ့ ဆေးရုံသို့ လာရောက် ပြသခဲ့သူ အသက်(၅၀)နှစ်အရွယ် အမျိုးသမီးတစ်ဦးအား ယမန်နေ့က  Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ ၎င်းမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။  


အဆိုပါ ပိုးတွေ့လူနာအား မောင်တောမြို့ ပြည်သူ့ဆေးရုံရှိ  ကိုဗစ်-၁၉ အတည်ပြု သီးသန့် ဆောင်တွင် ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိရာ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ နှစ်ဦးအား နေအိမ်များတွင် Home Quarantine ထားရှိပြီး မောင်တောမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့ထိ ၁၀ ဦး တွေ့ရှိပြီ ဖြစ်ကြောင်းသိရသည်။


သက်လွင်စိုး၊ အောင်ကျော်စိန်  

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)