ကိုဗစ်ဆေးမထိုးလိုတဲ့ ဖင်လန်သားတွေ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဆင်းပေးဖို့ ဆန္ဒပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုဗစ်ဆေးမထိုးလိုတဲ့ ဖင်လန်သားတွေ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဆင်းပေးဖို့ ဆန္ဒပြ



MNP ၊ ဖေဖော်ဝါရီ ၅

မနေ့ကညနေပိုင်း နှင်းတွေတဖွဲဖွဲ ကြားမှာ ဖင်လန်နိုင်ငံ ဟယ်လ်ဆင်စကီမြို့ က လွှတ်တော်အဆောက်အုံ ရှေ့ကို ရာပေါင်းများစွာသော လူတွေ ရောက်ရှိလာပြီး ဖင်လန်နိုင်ငံတော်အလံကို ဝှေ့ယမ်းကာ လွှတ်လပ်မှု ပေးဖို့ အော်ဟစ်တောင်းဆို ခဲ့ကြပါတယ်။

ရဲတွေရဲ့အဆိုအရ ဆန္ဒလာပြတဲ့ လူအုပ်ကြီးမှာ ကိုဗစ်ကာကွယ်ဆေး မထိုးလိုသူများ ၊ လက်ယာစွန်းဝါဒီများ ၊ အမျိုးသားရေး အစွန်းရောက် ဝါဒီများ နဲ့  ကော်ရိုနာဗိုင်းရက်ဆေး ငြင်းဆန်သူများ ပါဝင်တယ်လို့ သိရပါတယ်။

ကာတွေကို ဟွန်းတီး၊ ကျွဲချိုတွေမှုတ် ၊ ကားလမ်းတွေကို ပိတ်ဆို့ ၊ အလံတွေဝှေ့ယမ်းပြီး ပြည်သူ့လွတ်လပ် ခွင့်ပေး ဆိုပြီး အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်။

အဲ့ဒိ ဆန္ဒပြတဲ့ အကြောင်းက ချက်ခြင်း ဆိုသလို အွန်လိုင်းပေါ် ပြန့်နှံ့သွားတဲ့အတွက် ဆိုရှယ်မီဒီယာတွေမှာ အဲ့ဒိအကြောင်းနဲ့ ပတ်သက်ပြီး အငြင်းအခုံတွေဖြစ်နေပါတယ်။ ကာကွယ်ဆေး မထိုးလိုသူတွေကို ထောက်ခံတဲ့ အုပ်စုနဲ့ ဆန့်ကျင်တဲ့ အုပ်စုတွေက သူတို့ရဲ့ ထင်မြင်ချက် အမျိုးမျိုးကို ရေးသားပြီး ပို့စ်တွေ တင် ခဲ့ကြ ပါတယ်။

ရဲတွေကတော့ ဆန္ဒပြခေါင်းဆောင်တွေနဲ့ တွေ့ပြီး လူစုခွဲပေးဖို့  သတိပေးခဲ့ပြီး ဒေသခံတွေကို လွှတ်တော် အဆောက်အအုံ အနီးတစ်ဝိုက် ကို တပတ်အတွင်း ဘယ်သူ့မှ မလာကြဖို့တားမြစ်မှုတွေ လုပ်နေပါတယ်။

မြင်းစီးရဲ အုပ်စုနဲ့ ပတ္တရောင်ကား အုပ်စုတွေက မြို့ကို နေရာခွဲပြီး ပိတ်ဆို့မှုတွေလုပ်နေပါတယ်။ နောက်ပြီး ဒရုန်းရဲတွေ ကလည်း မြို့တော်ထဲမှာ ဒရုန်းတွေ မလွှတ်တင်ဖို့လည်း အမိန့်ထုတ်ထားပါတယ်။

ဖင်လန်အစိုးရက ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် တိုင်းပြည်အရေးပေါ်အခြေအနေ ကြေညာကာ ကိုဗစ်ကန့်သတ်မှု လုပ်ငန်းတွေကို လုပ်ခဲ့ပါတယ်။ ကျောင်းတွေ ပိတ် ၊ ဘားတွေပိတ် ၊ စားသာက်ဆိုင်တွေ နိုက်ကလပ်တွေ ကို ပိတ်ခိုင်းခဲ့ပါတယ်။ လူတွေကု အိမ်ကနေပြီး တော့ အလုပ်လုပ်ခိုင်း ၊ ဆိုရှယ်ဒစ္စတန်းဇင်း တွေလုပ်ခိုင်း တဲ့အတွက်ကြောင့် အစိုးရအပေါ် ပြည်သူတွေက ငြိုငြင်လာတာပါ။

ကိုဗစ်ကူးစက်မှုက ကျဆင်းမသွားတဲ့အတွက် အစိုးရက ကိုဗစ်စည်းကမ်းတွေကို တင်းတင်း ကြပ်ကြပ် ကိုင်တွယ်တဲ့အခါမှာတာ့ ဆန္ဒပြမှုတွေဖြစ်သွားတာပါပဲ ။

အဲ့လိုဆန္ဒပြဖို့အတွက် အယူအဆတွေက မြောက်အမေရိက ကနေ ကူးစက်လာတာပါလို့ ဟယ်လ်စင်စကီတက္ကသိုလ်က လူမှုရေးဗေဒ သုတေသီက ဆိုပါတယ်။


မောင်ယဿ

REF: euronews  Photo : euronews

https://t.me/MyanmarNationalPost

http://www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)