တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် တိုင်းဒေသကြီးတရားလွှတ်တော် ထပ်ဆင့်ရှင်းလင်းပွဲနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် တိုင်းဒေသကြီးတရားလွှတ်တော် ထပ်ဆင့်ရှင်းလင်းပွဲနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်








MNP - ဖေဖော်ဝါရီ     ၂၆

နေပြည်တော်ရှိ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှ (၁၉) ရက်နေ့အထိ Video Conferenceစနစ်ဖြင့် ကျင်းပခဲ့သော ပြည်ထောင်စု တရား လွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ခရိုင်တရားသူကြီးများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ၏ (၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာလမ်းညွှန် မှာကြားချက်များ အပေါ် ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတ က တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ Video Conference စနစ်ဖြင့် ကျင်းပခဲ့ ကြောင်း သိရသည်။

အခမ်းအနားတွင်တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေးက ပြည်ထောင်စု တရားသူကြီးချုပ်က အမှုများကို ကြန့်ကြာမှုမရှိစေဘဲ မျှတ မှန်ကန်စွာ အမြန် စစ်ဆေးပြီးပြတ်စေရေးလက်အောက်  တရားရုံးများကို စိစစ်ကြပ်မတ်ပြီး ပြင်ဆင်တည့်မတ်ပေးရေး၊ သီးသန့် တရားရုံးများဖြင့် စစ်ဆေးနေသည့် အမှုများ ကြန့်ကြာမှုမရှိ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်စေရေး၊ နိုင်ငံဝန်ထမ်းများဖြစ်တာကြောင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိကြရန်နှင့် ၂၀၂၂ ခုနှစ် တရားစီရင်ရေး မဟာဗျူ ဟာစီမံကိန်း ပဉ္စမနှစ်လုပ်ငန်း အစီအစဉ် ရည်မှန်း ချက်များ အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်စေရေးစတဲ့ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့် ရှင်းလင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးများက မိမိတို့၏တရားစီရင်ရေး အတွေ့အကြုံများအား ရှင်းလင်းဆွေးနွေးပြီးတိုင်းဒေသကြီးတရားရေးဦးစီးမှူးက စီမံခန့်ခွဲရေး နှင့်တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ယင်းနောက်တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်နှင့်တိုင်းဒေသကြီးနှင့်မြို့နယ်ဥပဒေဆိုင်ရာအထောက် အကူပေးရေး အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက် ကျင်းပခဲ့ပြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဝင်များနှင့် မိတ်ဆက်၍ တွေ့ကြုံရသည့် အခက်အခဲများ တင်ပြချက်များအပေါ် တိုင်းဒေသကြီး တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)