MNP - ဖေဖော်ဝါရီ ၄
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းဇော်ဦးသည် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ဆင်ပေါင်ဝဲမြို့၊ ကုန်းဘိုကျေးရွာ သိုက်ချောင်းဖွံ့ဖြိုးရေးဆည် ရေထိန်းတံခါးနှင့် ရေနုတ်မြောင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရန်၊ ဥသျှစ်ကုန်းကျေးရွာနှင့် ကုန်းဘိုကျေးရွာ ရွာချင်းဆက်လမ်း အား မြေနီကျောက်စရစ်လမ်း ဆောင်ရွက်ပေးနိုင်ရေး မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြိုနယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးသည် ဦးစွာပထမ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မြေပြင် အခြေအနေအား မေးမြန်းခဲ့ကာ ဆောင်ရွက်ရန် ဖြစ်နိုင်ခြေရှိသည့်နေရာများအား သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည့် အချက် အလက်များအား မှတ်သားခဲ့၍ အမြန်ဆုံးဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းချိတ်ဆက်ကာ အထက် အဆင့်ဆင့်သို့ ဆက်လက်တင်ပြ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်း - ချိုချိုဝင်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment