ကွမ်းလုံမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန် အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွမ်းလုံမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန် အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

 


MNP - ဖေဖော်ဝါရီ    ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့၌ ကိုဗစ်-၁၉အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန် အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးက ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ကုသရေးဆိုင်ရာ လုပ်ငန်းများကို စနစ်တကျ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်၊ လိုအပ်သော အောက်ဆီဂျင်အိုးများကို အချိန်မီဖြည့်တင်း ဆောင်ရွက်ထားရှိရန်၊ ဒေသခံပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး အသိပညာပေး လုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်း ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ရာခိုင်နှုန်းပြည့်မှီရေး ကျန်းမာရေး ဌာနများမှ ကြိုးစားထိုးနှံဆောင်ရွက်သွားရန်၊ ကိုဗစ်-၁၉ ကိုမီခရွန်ရောဂါနှင့် ပတ်သက်၍ ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသံချဲ့စက်ဖြင့် ရပ်ကွက်/ ကျေးရွာများသို့ လိုက်လံအသိပညာပေး ဆောင်ရွက်ရန်နှင့် Quarantine Centre များကို ပြန်လည်၍ ကြိုတင်ပြင်ဆင် ထားရှိရန်တို့ကို ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းကော်မတီမှ အဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များမှ မိမိတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍများ အလိုက် အသီးသီး ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)