လွိုင်လင်မြို့တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ


MNP - ဖေဖော်ဝါရီ    ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကိုဗစ်၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ပင်စင်ထုတ်ပေးရာတွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေ  လာရောက်ထုတ်သူများအား စနစ်တကျရှိစေရန် ၃ပေအကွာနေရာများ ချထားပေးခြင်း၊ လက်ဆေးဘေလ်စင်များ ထားရှိပေးခြင်းများကို မြန်မာ့စီးပွားရေးဘဏ်မှ စီမံဆောင်ရွက်ပေးထားခြင်း၊ ပင်စင်ထုတ်ယူရာတွင်ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ စတင်၍ ရုံးဖွင့်ရက်များ တွင် လွိုင်လင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ပင်စင်စားများအား နံနက် ၇ နာရီအချိန်မှ မွန် းလွဲ ၃နာရီအချိန်အထိ နေ့စဉ်ထုတ်ပေးသွားမည် ဖြစ်ကြောင်း ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။

သတင်း - အယ်မင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)