ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်


MNP - ဖေဖော်ဝါရီ    ၁၈

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က မိမိတို့ချင်းတိုင်းရင်းသားများ၏ အမြတ်တနိုးတန်ဖိုးထားသည့် ချင်းအမျိုးသားနေ့အခမ်းအနားကို ယခင်နှစ် ကဲ့သို့ စည်ကားစွာကျင်းပရန် မဖြစ်နိုင်သော်လည်း အနှစ်သာရရှိရှိ အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ယခု ကျင်းပမည့် အခမ်းအနားကို ချင်းရိုးရာအသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသသွားစေလိုကြောင်း၊ ချင်းအမျိုးသားနေ့ ဂုဏ်ပြုဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများ၏ စာမူများကိုလည်း ခင်းကျင်း ပြသနိုင်ရေး စီစဉ်ဆောင်ရွက်ကြရန်နှင့် လာမည့် ၂၀၂၃ ခုနှစ်တွင် (၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ကိုလည်း ကျင်းပရမည်ဖြစ်သည့်အတွက် ယခုအချိန်မှစ၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရန်လိုကြောင်း အမှာ စကား ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ ဆပ်ကော်မတီ အလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် လိုအပ်ချက် များကို ရှင်းလင်းတင်ပြကြရာ တင်ပြချက် များ အပေါ် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က အကြံပြုဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။

၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဖေဖော်ဝါရီ ၂၀ ရက်တွင် ဟားခါးမြို့အပါအဝင် ပြည်နယ် အတွင်း ရှိ မြို့နယ်အားလုံးတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)