ဧရာဝတီတိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပန်းတနော်မြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကြည်ရှု စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပန်းတနော်မြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကြည်ရှု စစ်ဆေး




MNP - ဖေဖော်ဝါရီ    ၄

ဧရာဝတီတိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ပန်းတနော်မြို့နယ် ရွှေကျောင်းမြောက်ကျေးရွာအုပ်စု၊ ဘုရားပျိုကျေးရွာရှိ ချမ်းသာကြီးဘုန်းတော်ကြီးကျောင်းသို့ ယမန်နေ့ နံနက် ၁၁ နာရီခွဲကရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန် ထုတ်လုပ်နည်းသင်တန်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ​တော်တရကြီး​ကျေးရွာ ကွန်ကရစ်လမ်းခင်း​ပေးရန် တင်ပြ​သော လမ်းအားကြည့်ရှုခဲ့သည်။ ထို့နောက် ဆုတောင်းပြည့်ကျေးရွာရှိ ချောင်းကလေး၊ အိမ်မဲ လမ်းခင်းမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အ.မ.က ​ကျောင်းအားဝင်​ရောက်၍​ ကျောင်းသုံးပစ္စည်းများ၊ ကျန်းမာ​ရေးပစ္စည်းများနှင့်​ ထောက်ပံ့​ငွေအား​ပေးအပ်ခဲ့သည်။ ယင်းနောက် ချောင်းကလေးကျေးရွာရှိ တိုက်နယ်ဆေးရုံအား ကြည့်ရှု့စစ်ဆေးပြီး နှာခေါင်းစည် (Mask) များ၊ PPE ဝတ်စုံများ​၊​ ထောက်ပံ့​ငွေများ​ပေးအပ်ခဲ့ကာ လက်ပံကုန်း ကျေးရွာအုပ်စု၊ အနောက်ကုန်း ကျေးရွာသို့ ရောက်ရှိပြီး စက်ရေတွင်းတူးဖော်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)