အောက်ဆီဂျင်အိုးများ လှူဒါန်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောက်ဆီဂျင်အိုးများ လှူဒါန်းပေးအပ်



MNP - ဖေဖော်ဝါရီ    ၂၄

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်ကို ယမန်နေ့ညနေပိုင်းက မူဆယ်မြို့နယ်၊ ခိုလုံလီရှောတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်မြင့်မှ ဦးဆောင်၍ ဦးအိုက်ရင် မိသားစုက အောက်ဆီဂျင် အသင့်ပါဝင်သော (၄၀)လီတာ ဆန့်အိုးများအား ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ နမ့်ဆန်မြို့နယ် စေတနာလုပ်အားရှင် လူငယ်များ (နမ့်ဆန် အောက်ဆီဂျင်) Volunteer နှင့် မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အား (၅၀)လုံး၊ Flow meter (၂၅)ခု၊ မန်တုံမြို့နယ် မိုးသောက်ကြယ် ပရဟိတလူမှု ကူညီရေးအဖွဲ့အား (၅၀)လုံး၊ Flow meter (၂၅)ခု၊ နမ့်ဆန်မြို့ ကွမ်ဟယ်ကျေးရွာ ပုညကာရီပရဟိတလူမှု ကူညီရေးအဖွဲ့အား (၁၀)လုံး၊ Flow meter (၅)ခု စုစုပေါင်း (၁၁၀)လုံးအား သက်ဆိုင်ရာ အဖွဲ့များထံသို့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)