ပခုက္ကူမြို့နယ်အတွင်း လူမှုအကျိုးပြုလုပ်ငန်းများ တိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့နယ်အတွင်း လူမှုအကျိုးပြုလုပ်ငန်းများ တိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်


MNP - ဖေဖော်ဝါရီ     ၂၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ လူမှုအကျိုးပြု လုပ်ငန်းများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က ပခုက္ကူမြို့၊ တော်ဝင်နန်း ဟိုတယ်၌ ပြုလုပ်သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပခုက္ကူမြို့နယ် အနာဂတ်အလင်းရောင် လူငယ်ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးရဲထွဋ်က မြို့နယ်အတွင်း လူမှုအကျိုး ပြုလုပ်ငန်းများ တိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရသည့် အကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် အရပ်ဖက်လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ပေးမှု အကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ပခုက္ကူမြို့နယ်အတွင်းရှိ အရပ်ဖက်လူမှုရေး အသင်းအဖွဲ့များအလိုက် တစ်ဦးချင်း မိတ်ဆက်ကြပြီး နေ့/ည အချိန်နှင့်တပြေးညီ အရေးပေါ်လူနာပို့ဆောင်ရေး၊ Quarantine Center ဖွင့်လှစ်ရေး၊ အသိပညာပေးရေး၊ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးရေး၊ လူနာများအား ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ ပို့ဆောင်ရေး၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံနိုင်သည့် အခက်အခဲ၊ပြဿနာများနှင့် ရှောင်ရန်/ဆောင်ရန် အချက်များ အကြောင်းတို့ကို အုပ်စုဖွဲ့ အပြန်အလှန် ဆွေးနွေးကြသည်။

ယင်းနောက် အုပ်စုအလိုက် ဆွေးနွေးမှုများအပေါ် ကိုဗစ်-၁၉ရောဂါ အရေးပေါ်တုံ့ပြန်ရေး နည်းဗျူးဟာများ ရေးဆွဲ အတည်ပြုကြပြီး လုပ်ငန်းစဉ်များအလိုက် တာဝန်ခွဲဝေယူကြသည်။

သတင်း - ဆလိုင်းကိုကီး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)