MNP - ဖေဖော်ဝါရီ ၁၆
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းထမနဲထိုးပွဲကို ယနေ့နံက်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တင်းနစ်ကွင်းတွင် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါထမနဲထိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ပြိုင်ပွဲအသင်းများနှင့် တာဝန်ရှိသူများ တက်ရောက် အားပေး ခဲ့ကြသည်။ ပြိုင်ပွဲတွင် အမှတ်ပေးဒိုင်လူကြီးများက အမှတ်ပေးစည်းမျဉ်းများနှင့်အညီ စီစစ်အကဲဖြတ် အမှတ်ပေးကြပြီး ပထမဆုကို အဖွဲ့(၁)အသင်း၊ ဒုတိယဆုကို အဖွဲ့(၁)အသင်း တတိယဆုကို အဖွဲ့(၇)အသင်းကို ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
သတင်း - သန်းအောင်ဇော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment