သွားဆရာဝန်တစ်ဦးက သံဃာတော်များကို လိမ်ညာစားသောက်နေတဲ့သူတွေ ဟု ရေးသားခြင်းအပေါ် ဝေဖန်မှုများ မြင့်တက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သွားဆရာဝန်တစ်ဦးက သံဃာတော်များကို လိမ်ညာစားသောက်နေတဲ့သူတွေ ဟု ရေးသားခြင်းအပေါ် ဝေဖန်မှုများ မြင့်တက်





MNP ၊ ဖေဖော်ဝါရီ 

Wai Yan Min Thu ဆိုသည့် facebook account အမည်ဖြင့် အသုံးပြုသည့် သွားဆရာဝန်က သံဃာတော်များကို လိမ်ညာစးသောက်သူတွေဟု ရေးသားထားခြင်းအပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိပြီး လူတစ်စားကိုးကွယ်ရာ ဘာသာ သာသနာကို စော်ကားမှုဖြင့် အရေးယူဆောင်ရွက်ပေးစေလိုကြောင်း ဖော်ထုတ်ရေးသားမှုများကို တွေ့မြင်ရသည်။


သွားဆရာဝန်က သူ၏ လူမှုကွန်ရက်စာမျက်နှာမှ " မနေ့ကဆေးခန်းကို ဘုန်းကြီးတစ်ပါးရောက်လာတယ်၊ သူက ကျောင်းထိုင်ဘုန်းကြီးဖြစ်တယ်၊ သူက သွားခြစ်ဖို့ ရောက်လာတာ၊ ဒါပေမယ့် ကျွန်တော်ကလည်း ဘုန်းကြီးဆိုတဲ့ တောင်းရမ်းစားသောက်နေတဲ့သူတွေကို ရွံမုန်းတာကြောင့် သွားခြစ်နေရင်းနဲ့ သွားဖာပြီး ကုသလို့ရတဲ့ ပိုးပေါက်ဖြစ်နေတဲ့ သွားနှစ်ချောင်းကို နှုတ်ရမယ်လို့ ပြောပါတယ်။ မနှုတ်ရင် ပိုဆိုးသွားမယ်ဖြစ်ကြောင်းလည်း ပြောလိုက်တယ်။ အဲတော့ ဘုန်းကြီးက နှုတ်ရမယ်ဆိုရင် နှုတ်ပါလို့ ပြန်ပြောတာနဲ့ ဖာထေးပြုပြင်လို့ ရတဲ့ သွားအကောင်းနှစ်ချောင်းကို နှုတ်ပစ်လိုက်ပါတယ်၊ ပြီးတော့ အပေါစား သွားအစွပ်ကို တတ်ပေးလိုက်တယ်။ ဒါဟာ သူများဆီကနေ လိမ်ညာစားသောက်နေတဲ့သူတွေကို ဆုံးမပညာပေးလိုက်တာဖြစ်ပါတယ်။" လို့ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။


သွားဆရာဝန်၏ လုပ်ရပ်အပေါ် ဝေဖန်ထောက်ပြထားသူ တစ်ဦးက " ဆရာဝန်တစ်ယောက်က မိမိဆီကို လာကုသတဲ့ သူတစ်ယောက်အပေါ် အခုလို လိမ်ညာတာ ကျင့်ဝတ်သိက္ခာ ကင်းမဲ့ရာ ကျပါတယ်။ သူ့ရဲ့ အရေးအသားဟာ ဘာသာရေးစော်ကားမှု မြောက်တဲ့ အရေးအသားပါ။" ဟု ထောက်ပြပြောဆိုထားသည်။


ဆရာတော်တစ်ပါးက "ဒီလိုလူမျိုးကို သက်ဆိုင်ရာ အာဏာပိုင်နဲ့ မြန်မာ့လူ့အဖွဲ့အစည်းက လက်ပိုက်ကြည့်နေမယ်ဆိုရင် စိတ်ဓာတ်ပိုင်းဆိုင်ရာ အညံ့ဆုံးစာရင်းဝင်သွားမှာ မလွဲမသွေပါပဲ" ဟု ထောက်ပြပြောဆိုထားသည်။


NLD အစိုးရလက်ထက်ကလည်း မိတ္ထီလာမြို့နေ ဘာသာကူးပြောင်းသွားသူ ဆရာဝန်တစ်ဦးက ပညာရေးနှင့် ပတ်သက်၍ သံဃာတော်များကို ထိုကဲ့သို့သော ဘာသာရေးစော်ကားရေးသားမှု ပြုလုပ်ခဲ့ခြင်းကြောင့် ပြည်သူလူထု မခံနိုင်မရပ်နိုင်ဖြစ်ခဲ့ရပြီး မိတ္ထီလာမြို့ပေါ်တွင် သံဃာတော်ကြီးများက ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် ဆုံးဖြတ်ပေးခဲ့ရသော မှတ်တမ်းများ ရှိခဲ့ဖူးသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)