မင်္ဂလာဒုံမြို့နယ်တွင် အများပြည်သူ အပန်းဖြေအနားယူနိုင်ရန် စိမ်းလန်းမြေနှင့် စက်ဘီးစီးလမ်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာဒုံမြို့နယ်တွင် အများပြည်သူ အပန်းဖြေအနားယူနိုင်ရန် စိမ်းလန်းမြေနှင့် စက်ဘီးစီးလမ်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


MNP - ဖေဖော်ဝါရီ     ၄

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဘေး မင်္ဂလာကန်တွင် အများပြည်သူအပန်း ဖြေအနားယူနိုင်ရန် စိမ်းလန်းမြေနှင့် စက်ဘီးစီးလမ်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တပ်မတော်ဆေးတက္ကသိုလ်နှင့် အမှတ်(၁) တပ်မတော် ဆေးရုံကြီးအကြား မင်္ဂလာကန်တွင် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန်ခွဲမှု)၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)၊ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနတို့မှ တာဝန်ရှိသူများက မင်္ဂလာကန်ရေပိုလွှဲ Spill Way နှင့် ရေထုတ်မြောင်းအနီး အလျား ၁၂၀ ပေ၊ အနံ ၅၀ ပေ၊ ရေစုကန် တူးဖော်ပြီးစီးမှု၊ ခရေပင်လမ်း မျက်နှာစာ ကန်ပေါင်ပေါ်တွင် လူသွားစင်္ကြံစက်ဘီးလမ်း ပြုလုပ်ရန် အရှည် ၁၂၀၀ ပေ၊ အကျယ် ၂၀ ပေ၊ မြေညှိပြုပြင်နေမှုများ ၊ မင်္ဂလာကန်သည် အကျယ် ၅၇.၅ ဧက ကျယ်ဝန်းပြီးကန် အတွင်းမှရေများသည် ခရေပင်လမ်း Box Culvert မှတဆင့် တကူခြံချောင်းအတွင်းသို့ ဆက်လက်စီးဆင်းပြီး လှိုင်မြစ်အတွင်းသို့ စီးဝင်လျက်ရှိရာ သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ပေးခြင်းဖြင့် မင်္ဂလာကန် စိမ်းလန်းစိုပြည်ရေးနှင့် မင်္ဂလာဒုံမြို့နယ်အတွင်း ရေစီးရေလာ ကောင်းမွန်စေပြီး ရန်ကုန်မြောက်ပိုင်း ခရိုင်အတွင်း မြို့ပြရှုခင်းအား လှပစေသည့် အများပြည်သူ အပန်းဖြေရာ စိမ်းလန်းမြေ ဧရိယာတစ်ခုအား ဖော်ထုတ်နိုင်မည် အခြေအနေများကို ရှင်းလင်းတင်ပြရာ စည်ပင်သာယာရေးဝန်ကြီး (မြို့တော်ဝန်)ဦးဗိုလ်ဌေးက လိုအပ်ချက်များကို ဖြည့်စွက် ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ဝန် ကြီးချုပ်က အများပြည်သူ အပန်းဖြေရာ နေရာတစ်ခု ဖြစ်လာမည်ဖြစ်၍ ပန်းအလှပင်များ စိုက်ပျိုးရေး၊ ရေရှည်ထိန်းသိမ်းရေးနှင့် သန့်ရှင်းသာယာ လှပရေးတို့အတွက် စဉ်ဆက်မပြတ်အား လုံးပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားပြီး လိုအပ်သည့်များကိုဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - ဆန်းကျော်ဦး 

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)