မြစ်သားမြို့နယ် နတ်မှော်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ် နတ်မှော်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေး


MNP - ဖေဖော်ဝါရီ    ၂၆

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နတ်မှော်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ဖေဖော်ဝါရီ(၂၅)ရက်က အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်၌ ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြစ်သားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်က မြစိမ်းရောင်ကျေးရွာ စီမံကိန်ဖြင့် ကျေးလက်နေ ပြည်သူများ ဆင်းရဲမှု လျော့ကျစေရန်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြား မိသားစုဝင်ငွေတိုး စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နတ်မှော်ကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များက မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ဒုတိယအကြိမ်အဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ် လုပ်ကိုင်သူ အသင်းသား၊ အသင်းသူ ဦးရေ (၁၀၆) ဦးကို မြစိမ်းရောင် ကျေးရွာ စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၃၀ ဒသမ ၀၅ သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြစ်သားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးကိုကိုအောင်၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကြီးကြပ်မှု ကော်မတီဝင်များနှင့် စီမံကိန်းအသင်းသား၊ အသင်းသူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - မြမြမွန်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)