MNP - ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများသို့ ဖေဖော်ဝါရီ ၁၆ရက် နံနက် ၉နာရီအချိန်တွင် ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာနှစ်ရွာသို့ ရေဂါလံ ၂၄၀၀ လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ နန်းတော်ရာတဲတိုက်အတွက် ရေဂါလံ ၁၆၀၀၊ နဖူးပြားတဲတိုက်အတွက် ရေဂါလံ ၈၀၀ လှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာရေအလှူတော် အသင်း ဦးဝင်းမင်းထွန်းထံက သိရသည်။ နန်းတော်ရာတဲတိုက်တွင် အိမ်ခြေ ၃၀ ရှိပြီး လူဦးရေ ၁၅၀ဦးကျော် နေထိုင်ကြောင်း ရန်ကုန်မြို့ဝေမျှခြင်း ပရဟိတမိသားစုမှလည်း ဆက်လက်လှူဒါန်းပေးလျက်ရှိရာ သောက်သုံးရေလှူဒါန်းမှု စုစုပေါင်း ၇၂၈၀၀ ရေဂါလံ လှူဒါန်းပေးခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။
သတင်း - ကိုထိန်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment