ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်






MNP - ဖေဖော်ဝါရီ    ၁၈

ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂)ကိုယမန်နေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန် မြို့၊ ကျောက်တံတားမြို့နယ်ရှိ တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၌ ကျန်မာရေးဝန်ကြီးဌာနက ချမှတ်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး၊ စည်းကမ်းချက်များ၊ လမ်းညွှန်ချက်များနှင့်အညီကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဥပဒေချုပ်ဦးဌေးအောင်၊ရန်ကုန်တိုင်း ဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်မှ အဖွင့်အမှာ စကားပြောကြားရာတွင် စာကြည့်တိုက်များကို အနှစ်သာရနှင့်အသွင်သဏ္ဍန်များပြည့်စုံကောင်မွန်အောင်ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လက်ရှိကာလအတွင်း စာကြည့်တိုက်များရှင်သန်လာစေရန်စာကြည့်တိုက်လုပ်ငန်း များ အောင်မြင်စွာ ဆောင်ရွက်ကြဖို့လိုကြောင်း၊ မြို့နယ်များမှကျန်ရှိနေသောစာကြည့်တိုက်များ ကိုလည်း ပြန်လည်ဖွဲ့စည်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်များသည် လူမှု အသိုက်အဝန်း၏ လိုအပ်ချက်များနှင့် ကိုက်ညီသောဝန်ဆောင်မှုများပေးရန်၊ ပြည်သူများ လွတ်လပ်လွယ်ကူစွာ လေ့လာဖတ်ရှုနိုင်ရန်နှင့် အသိပညာ ဗဟုသုတများ တိုးပွားစေရန်၊ စာကြည့်တိုက်များကို ပြည်သူလူထုလက်လှမ်း မီစွာအသုံးချနိုင်ရန်နှင့် တန်ဖိုးထား ချစ်မြတ်နိုး တတ် စေရန်၊ တိုင်းဒေသကြီးစာကြည့်တိုက်များ၊ မြို့နယ်စာကြည့်တိုက်များ၊ ရပ်ကွက်ကျေးရွာ စာကြည့်တိုက်များ၊ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် များပေါ်ပေါက်လာစေရန်နှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုစေရန်၊ စာကြည့်တိုက်များမှ လူထုအခြေပြုဗဟိုဌာနများ အဖြစ် ပြောင်းလဲဆောင်ရွက်လာစေရန်တို့ကို ပြောကြားခဲ့သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယတိုင်း ဦးစီးမှူးဒေါ်ရီရီလွင်က ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက် အရေအတွက်၊ ရှင်သန် စာကြည့်တိုက်များနှင့် စပ်လျဉ်း၍ စာအုပ်စာစောင်များ ထောက်ပံ့နိုင်ရေးနှင့် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီပြန်လည်ဖွဲ့စည်းနိုင်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ စာကြည့်တိုက်များအတွက် ဘဏ္ဍာရေးအခြေအနေများနှင့်စပ်လျဉ်း၍ လည်း ကောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ရေးကော်မတီမှ အဖွဲ့ဝင်များက စာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များစပ်လျဉ်း၍ ပြောကြားခဲ့ပြီး အခမ်း အနားတက်ရောက် လာကြသောရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင် ဦးစီးမှူးများက၊ ကဏ္ဍအလိုက် ဆွေးတင်ပြကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်မှ ဆွေနွေးတင်ပြ ချက်များနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရသည်။

သတင်း - အောင်မြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)