MNP - ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင်ကျင်းပသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်အား ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လက်ထောက် ညွှန်ကြားရေးမှူးအထိ တစ်ဦးချင်း မိတ်ဆက်ကြသည်။
ထို့နောက် ဝန်ကြီးချုပ်က တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အရာထမ်း၊ အမှုထမ်းများ အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် လိုက်ပါဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှုကို မလိုလားသော ပြည်ဖျက်မီဒီယာများက အစိုးရအပေါ် ပြည်သူများအထင်အမြင်လွဲမှားအောင် သတင်းမှားများဖြင့် လှုံ့ဆော်လျက်ရှိရာ ဝန်ထမ်းများအနေဖြင့် အမှားအမှန်ခွဲခြားသိရှိနိုင်ရန် လိုအပ်ကြောင်းနှင့် ဝန်ထမ်းများ လုံခြုံရေး အထူးဂရုစိုက်ကြရန်နှင့် နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေးများကို ဦးစားပေးထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း၊ ရောဂါထပ်မံကူးစက်မှု မရှိအောင် ဂရုတစိုက်နေထိုင်ကြရန်နှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကိုလည်း လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်အပေါ် သစ္စာရှိစွာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်က အားထားရသည့် နိုင်ငံဝန်ထမ်းကောင်းများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။
ယင်းနောက် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်း - ဆန်းကျော်ဦး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment