နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ထားဝယ်) က ဆွမ်းဆန်တော်များဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ထားဝယ်) က ဆွမ်းဆန်တော်များဆက်ကပ်လှူဒါန်း







MNP ၊ ဖေဖော်ဝါရီ ၂၁

တနင်္သာရီတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး က ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် ပရဟိတကျောင်းများသို့ လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး(ထားဝယ်) က  ထားဝယ်မြို့၊ ရတနာမာရ်အောင်သီလရှင်စာသင်တိုက်သို့ ဆွမ်းဆန်တော်များဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။ 

ထို့နောက် တိုင်းဒေသကြီးဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး(ထားဝယ်) မှ ညွှန်ကြားရေးမှူး ဦးရန်လင်းအောင် နှင့် တာဝန်ရှိသူများက ရတနာမာရ်အောင်သီလရှင်စာသင်တိုက်သို့  ဆန် ၅ အိတ်၊ ဆီ(၁၀)ပိဿာနှင့် ပဲ ၈ ပိဿာ တို့ကို ဆက်ကပ်လှူဒါန်းရာ  စာသင်တိုက်မှသီလရှင်ဒေါ်ရူပသီင်္ဂီ က လက်ခံယူပြီး တာဝန်ရှိသူများ က လှူဒါန်းမှုအစုစုတို့အတွက်ရေစက်သွန်းချအမျှပေး ဝေခဲ့ကြောင်းသတင်းရရှိသည်။ 


ရွှေပင်လယ်(ထားဝယ်)

မြန်မာနေရှင်နယ်ပို့စ်  

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)