မော်လမြိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ သုံးဦး ကွယ်လွန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ သုံးဦး ကွယ်လွန်


MNP ၊ ဖေဖော်ဝါရီ ၂၀

မော်လမြိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာသုံးဦးသည် ယနေ့(ဖေဖော်ဝါရီ ၂၀ရက်)တွင် ကွယ်လွန်ခဲ့ကြောင်း ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

သေဆုံးသူများမှာ အသက်ကြီးပိုင်း၊ လူကြီးရောဂါအခံရှိသူများဖြစ်ပြီး မိသားစုကိုယ်စား မီးသင်္ဂြိုလ်ရန် ပိန္နဲကုန်း မြန်မာသုဿာန်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၈ရက်၊ ည ၈နာရီမှ ဖေဖော်ဝါရီ ၁၉ရက်၊ ည ၈နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃၀,၄၀၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃,၀၅၀) ဦး တွေ့ရှိပြီးသေဆုံးသူ (၅)ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)