အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အခြေခံပညာကျောင်းများသို့ နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အခြေခံပညာကျောင်းများသို့ နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များ လှူဒါန်း

 


MNP - ဖေဖော်ဝါရီ     ၁၇ 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီတို့မှ ပူပေါင်း၍ အခြေခံပညာကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များကို ယမန်နေ့က သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါ လှူဒါန်းမှုတွင် အိမ်မဲမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ အဖွဲ့(၅)ဖွဲ့ခွဲ၍ အခြေခံပညာကျောင်း(၂၀)အား နှာခေါင်းစည်း ၈၀၀၀ ခုနှင့် လက်သန့်ဆေးရည်ဗူး ၉၀ တို့အား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

သတင်း - ချစ်သက်လယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)