ကျုပ်တို့ တိုက်ပြီ ၊ ဘယ်သူ့မှ ဝင်မရှုတ်နဲ့ ၊ မမြင်ဘူးတဲ့ အကျိုးဆက်တွေ ရသွားမယ်လို့ ပူတင်ကြုံးဝါး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျုပ်တို့ တိုက်ပြီ ၊ ဘယ်သူ့မှ ဝင်မရှုတ်နဲ့ ၊ မမြင်ဘူးတဲ့ အကျိုးဆက်တွေ ရသွားမယ်လို့ ပူတင်ကြုံးဝါး



နီယို ( ဖေ ၂၄ )  

ဒီနေ့မနက်ပဲ ရုရှားက ယူကရိန်းကို စတင်ပြီး တိုက်ခိုက်ဖို့အတွက် စစ်တပ်တွေ ယူကရိန်းနယ်ထဲကို စတင်ဝင်ရောက်နေပါပြီ ။ ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ သူ့ရဲ့ ထိုးစစ်အတွက် အခြားနိုင်ငံတွေ ဝင်မရှုတ်ဖို့နဲ့ ဝင်ရှုတ်ပါက မမြင်ဘူးတဲ့အကျိုးဆက်တွေ ရသွားမယ်လို့ သတိပေးလိုက်ပါတယ်။


ယူကရိန်းမြို့တော် ကိဗ်မြို့ ၊ ခါကိဗ် နဲ့ အိုဒီဆာမြို့ တွေနားမှာ ဒီနေ့မနက်မိုးမလင်ခင်မှာပဲ ပေါက်ကွဲသံကြီး တွေ အကျယ်ကြီး ကြားနေရပါတယ်။


ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကတော့ ပြည်သူတွေ ရွေးကောက် တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရ ကတော့ ရုရှားတွေရဲ့ ကျူးကျော်မှုကြောင့် ဖြိုလှဲခံရ တော့မယ် ပြီးတော့ လူတွေ အမြောက်အများ သေကြေပျက်စီးမှု ဖြစ်တော့မယ်လို့ အော်နေရပါပြီ ။


ပူတင်ကတော့ ရုပ်သံကနေ ယူကရိန်း အရှေ့ပိုင်းက ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့နဲ့  အမေရိကန်ရဲ့ မှားယွင်းတဲ့စွတ်စွဲချက်တွေကို ချေဖျက်ဖို့ အတွက် လုပ်တာလို့ မိန့်ခွန်းပြောခဲ့ပါတယ်။


  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ အခုလို ကျူးကျော်မှုအတွက် ရုရှား က အကုန်တာဝန်ယူရမယ်လို့ ဆိုလိုက်သလို အီးယူကလည်း ရုရှားနိုင်ငံက နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး ဥရောပနဲ့ မဟာမိတ်နိုင်ငံတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပြီလို့ ပြောနေပါတယ်။


ယူကရိန်း သမ္မတ ဇီလန်စကီယီက မာရှယ်လော အမိန့် ထုတ်လိုက်ပါပြီ၊ ပူတင်ကတော့ အထူးစစ်ဆင်ရေးသည် မဖြစ်မနေနဲ့ အချိန်ရဲ့တောင်းဆိုမှုကြောင့်လို့ပြောပါတယ်။


ဒီစစ်ကိုဝင်ရှုတ်တဲ့ ဘယ်နိုင်ငံမဆို မမြင်ဖူးတဲ့ အကျိုးဆက်တွေ တွေ့သွာမယ်လို့ ပူတင်က ပြောဆိုပါတယ်။


REF: UPI Photo : UpI

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)