ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ၇၄၉၈၄ ဦးရှိပြီး ဒုတိယအကြိမ် ထိုးနှံပြီးသူ ၆၄၆၇၉ ဦးရှိပြီဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ၇၄၉၈၄ ဦးရှိပြီး ဒုတိယအကြိမ် ထိုးနှံပြီးသူ ၆၄၆၇၉ ဦးရှိပြီဖြစ်


MNP - ဖေဖော်ဝါရီ    ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် နေ့စဉ် ဆေးထိုးစု ရပ် (၄) နေရာခွဲ၍ ထိုးနှံပေးလျက်ရှိရာ ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ ပထမအကြိမ် ထိုးနှံပြီးသူ ၇၄၉၈၄ ဦးရှိပြီး ဒုတိယအကြိမ် ထိုးနှံပြီးသူ ၆၄၆၇၉ ဦးရှိကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းစေရန်နှင့် ဆေးထိုးနှံမှု ရာခိုင်နှုန်း အပြည့်အဝ လွှမ်းခြုံနိုင်စေရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ စာရေးဝန်ထမ်းများ ပူးပေါင်းပါဝင်လျက် ဆေးထိုးစုရပ်များဖြစ်သည့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၊ လယ်ကိုင်းကျေးရွာရှိ နိဗ္ဗာန် (တ) ဘုန်းတော်ကြီးကျောင်း၊ ကုန်းဇောင်း ကျေးရွာ တိုက်နယ်ဆေးရုံ၊ မဲဇလီကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတို့တွင် နေ့စဉ်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် သွားလာရေးအခက်အခဲရှိသူများနှင့် သက်ကြီးဘိုးဘွားများ အဆင်ပြေစွာထိုးနှံနိုင်ရေးအတွက် ကျေးရွာများသို့ နယ်လှည့်ကွင်းဆင်းပြီး ထိုးနှံဆောင်ရွက် ပေးနေကြောင်း သိရသည်။ တစ်မြို့နယ်လုံး ဆေးထိုးနှံရန်အကျုံးဝင်သူ လျာထားဦးရေ စုစုပေါင်း ၁၃၅၄၄၂ ဦးရှိသည့်အနက် ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ ထမအကြိမ် ထိုးနှံပြီးသူ ၇၄၉၈၄ ဦးရှိပြီး ဒုတိယအကြိမ် ထိုးနှံပြီးသူ ၆၄၆၇၉ ဦး ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းအား တစ်မြို့နယ်လုံး ဆေးထိုးနှံမှု ရာခိုင်နှုန်း အပြည့်အဝ လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် နေ့စဉ်ထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး  ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ဒေသခံပြည်သူများအနေဖြင့် သက်ဆိုင်ရာဆေးထိုးစုရပ်များ အလိုက် မဖြစ်မနေထိုးနှံနိုင်ရေး နယ်မြေအလိုက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အသံချဲ့ စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ရဲဝင်းနိုင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)