ကရင်ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်





MNP - ဖေဖော်ဝါရီ    ၂၈

ကရင်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကမ္ဘာနှင့်မြန်မာတွင် မူးယစ်ဆေးဝါးပြသနာသည် ကြုံတွေ့ နေရသည့် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်ပြီး မိမိတို့ပြည်နယ်တွင် တွေ့ရှိရအများဆုံးမှာ စိတ်ကြွဆေးပြားများဖြစ်ကြောင်း၊ မိမိတို့ပြည်နယ်တွင် မူးယစ်ဆေးဝါးထုတ်လုပ် မှုမရှိသော်လည်း သုံးစွဲမှု၊ သယ်ဆောင်ရောင်းဝယ်မှုများရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၄၄၁ မှု၊ တရားခံ ၆၄၇ ဦး၊ ကား(၃၂)စီး၊ ဆိုင်ကယ်(၉၃)စီး၊ ဖုန်း(၂၃၉) လုံး၊ လက်နက်(၆)လက်၊ ကျယ်(၉၀)တောင့်၊ ဗုံး(၁၆)လုံး တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ မူးယစ်ဆေးဝါး ကြောင့် ပြည်သူတို့၏ ကျန်းမာရေး၊ လူမှုရေး၊ အခြေခံစီးပွားရေးတို့ကို ထိခိုက်ပျက်စီးစေပြီး နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် ပြည်နယ်၏ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ကိုပါ ထိခိုက်စေလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှု ဖြင့် ကျယ်ကျယ်ပြန့်ပြန့်၊ ထိထိရောက်ရောက် ဆောင်ရွက်မှသာ  အနာဂတ်လူငယ်များ၏ဘဝ ကောင်းမွန်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က အမှာစကားပြောကြားပြီး ကရင်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူး ယာယီရဲမှူး မျိုးမင်းက လက်ရှိဆောင်ရွက်နေသည့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး လုပ်ငန်းစီမံချက် (Action Plan)နှင့် ပတ်သက်၍ Power Point အသုံးပြုရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသော ကရင်ပြည်နယ်မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဝင်များက မူးယစ်ဆေးဝါး တာဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးတင်ပြခဲ့ကြသည်။

ဆက်လက်၍ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး  ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအဆင့်ထိ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များကို ဖွဲ့စည်း၍ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်၊ အခြေခံပညာကျောင်း များနှင့် တက္ကသိုလ်/ကောလိပ်များတွင် ပိုမိုဆောင်ရွက်ရန် မှာကြား၍ နိဂုံးချုပ်အမှာစကားပြောကြားသည်။

အလားတူ ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ်ဘောလုံးဆပ်ကော်မတီတို့၏ ချစ်ကြည်ရေးဘောလုံး ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က ဘားအံမြို့၊ အောင်သံလွင်အားကစားကွင်း၌ ကျင်းပသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ဘောလုံးအသင်းတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ကရင်ပြည်နယ် ဘောလုံးဆပ်ကော်မတီ အသင်းတွင် ပြည်နယ်လက်ရွေးစင် ဘောလုံးသမားဟောင်းများ၊ မြို့မိမြို့ဖများ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြရာ ကရင်ပြည်နယ်အစိုးရအဖွဲ့အသင်းက ၆ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပွဲအပြီးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဘောလုံးပြိုင်ပွဲတွင် ဒိုင်အဖြစ်ဆောင်ရွက်ပေးခဲ့သူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - စောမျိုးမင်းသိန်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)