ကလေးတွေ ဘေးမကင်းလို့ အင်္ဂလန်ကိုမပို့ချင်တဲ့ မင်းသားဟယ်ရီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးတွေ ဘေးမကင်းလို့ အင်္ဂလန်ကိုမပို့ချင်တဲ့ မင်းသားဟယ်ရီ


နီယို ( ဖေ ၂၀ )

ဗြိတိန် နန်းမွေခံဘဝကို စွန့်ခွာပြီး အမေရိကားမှာ သာမန်အရပ်သားအဖြစ် နေထိုင်နေတဲ့ မင်းသားဟယ်ရီက သူရဲ့ ကလေးတွေဖြစ်တဲ့ အာချီ နဲ့ လီလီဘတ်ကို မွေးရပ်မြေ အင်္ဂလန်ကို လုံခြုံရေးအစောင့်မပါဘဲ ပြန်မလွှတ်နိုင်ဘူးလို့ သူ့ရဲ့ရှေ့နေက အင်္ဂလန်တရားရုံးကို မနေ့က တုန့်ပြန် ပြောဆိုလိုက်ပါတယ်။


၂၀၂၀ ဇန်နဝါရီလမှာ တော်ဝင်နန်းတော် တာဝန်တွေကို စွန့်လွှတ်လိုက် မင်းသားဟယ်ရီနဲ့ကြင်ယာတော် မီဂန်မာကယ်တို့ ကို နန်းတော်က ပြည်သူ့အခွန်နဲ့ ပေးရတဲ့ အစောင့်အရှောက်တွေ အကုန်လုံး ဖြုတ်ချပစ် လိုက်ပါတယ်။ သူတို့က အမေရိကန်လော့စ်အိန်ဂျလိစ်မှာ နေထိုင်စဉ် ကိုယ်ပိုင်ငွေနဲ့ အစောင့်အရှောက်တွေ ငှားပြီးနေကြတာပါ။


ဒါပေမဲ့ အင်္ဂလန်ကို အကြောင်းတစ်စုံတစ်ရာကြောင့် ပြန်ရတဲ့အချိန်မျိုးမှာ သူတို့အတွက် အစောင့်အရှောက် လိုတဲ့အတွက်ကြောင့် ၂၀၂၁ ဇွန်လမှာ အင်္ဂလန်တရားရုံး ကို အစောင့်အရှောက် ရယူလိုကြောင်း လျှောက်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဗြိတိန်အစိုးရက သူ့ရဲ့လျှောက်ထားမှု ကို ငြင်းပယ်ခဲ့တဲ့ အတွက် သူ့ရဲ့ရှေ့နေက မင်းသားအနေနဲ့ရော မင်းသားရဲ့ မိသားစုအနေနဲ့ပါ လုံခြုံရေးကို စိတ်မချရတဲ့အတွက် အစောင့်အရှောက် မရပါက အင်္ဂလန်ကိုပြန်လာဖို့ မဖြစ်နိုင်ဘူးဆိုပြီး တရာရုံးကို တုန့် ပြန်လိုက်တာပါ။


မင်းသားကတော့ အင်္ဂလန်ကို ပြန်လာတဲ့အချိန်တိုင်း ရဲအစောင့်အရှောက်ကို ကိုယ်ပိုင်ငှားရမယ်ဆိုရင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံရဲတွေနဲ့ သူတို့ရဲ့ ခွင့်ပြုချက်ကို လက်မခံနိုင်ဘူးလို့ ဆိုထားပါတယ်။ တော်ဝင်တရားရုံးကတော့ တော်ဝင်မိသားစုက ပြည်သူတွေရဲ့ မျက်နှာစာဖြစ်တဲ့အတွက် ဗြိတိန်အစိုးရ နဲ့ တော်ဝင်မိသားစုကြားမှာ ပြေလည်စေချင်ပါတယ်။


မင်းသားကတော့ အင်္ဂလန်က သူ့အိမ်မှာ သူ့မိသားစုနဲ့ ပြန်လာတဲ့အချိန်မှာ ကလေးတွေကို သူတို့ရဲ့ သူငယ်ချင်တွေ ၊ မိသားစုတွေနဲ့ လုံလုံခြုံခြုံ တွေစေချင်တဲ့ အတွက်ကြောင့် အခုလိုမျိုးတောင်းဆိုမှုတွေကို ပြုလုပ်နေရတာပါ။


REF: UPI Photo : UPI

ျမန္မာနေရွင္နယ္ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)