(၇၅)နှစ်မြောက်စိန်ရတု ရှမ်းပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက်စိန်ရတု ရှမ်းပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



MNP - ဖေဖော်ဝါရီ    ၅

၂၀၂၂ခုနှစ် (၇၅)နှစ်မြောက်စိန်ရတု ရှမ်းပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ယခုနှစ်တွင် ထူးထူးခြားခြားဖြစ်သည့် ပြည်ထောင်စုနေ့လည်း (၇၅)နှစ်မြောက် စိန်ရတုနေ့၊ ရှမ်းပြည်နယ်နေ့လည်း (၇၅)နှစ်မြောက် စိန်ရတုနေ့ တိုက်ဆိုင်မှုရှိသည့်အတွက် ဖေဖော်ဝါရီ(၇)ရက်နေ့တွင် ရှမ်းပြည်နယ်နေ့ ကျင်းပပြီး(၁၂)ရက်နေ့တွင် ပြည်ထောင်စုနေ့ ကျင်းပမည့်ဖြစ်ကြောင်း၊ ကျင်းပပွဲများကိုလည်း လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားပေးပြီးဖြစ်ကြောင်း၊ ရှမ်းပြည်နယ်သည် အခြားသောတိုင်း/ဒေသကြီးများထက် ထူးခြားသောကြောင့် လုံခြုံရေးများ၊ အခမ်းအနားပြင်ဆင်မှုများ လိုအပ်မှုရှိစေရန် ဂရုစိုက်ရမည့်ဖြစ်ကြောင်း၊ ကော်မတီများ အားလုံးက ပေါင်းစပ်ကာ လိုအပ်ချက်များရှိပါက ညှိနှိုင်းဆွေးနွေးပေးကြပြီး ယနေ့အစည်းအဝေးတွင် အားလုံးဝိုင်းဝန်းက အောင်အောင်မြင်မြင်ဖြင့် စိန်ရတု အခမ်းအနားကို ရှမ်းပြည်နယ်တွင် သမိုင်းမှတ်တမ်းဝင် နေ့တစ်နေ့အဖြစ် ကျန်ရစ်ခဲ့ရန် ကော်မတီဝင်များက ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က (၇၅)နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပနိုင်ရေး နှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြီး လုပ်ငန်းကော်မတီများဖြစ်သည့် အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေး၊ ပို့ဆောင်ရေးနှင့် ကြိုဆိုနေရာချထားရေးလုပ်ငန်း ကောမတီ၊ သတင်းမှတ်တမ်းနှင့် ပြန်ကြားရေး လုပ်ငန်းကော်မတီ၊ ဆုချီးမြှင့်ရေး ကော်မတီ၊ ဘဏ္ဍာငွေကြီးကြပ်ရေး လုပ်ငန်းကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်း ကော်မတီ၊ ညစာစားပွဲနှင့် ဧည့်ခံကျွေးမွေးရေး လုပ်ငန်းကော်မတီ၊ ဖျော်ဖြေရေးလုပ်ငန်း ကော်မတီများမှ လုပ်ငန်း ဆောင်ရွက်မှုများ နှင့်ပတ်သက်၍ ဆွေးနွေးကြပြီး အထွေထွေဆွေးနွေးကာ လိုအပ်ချက်များအပေါ် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဖြည့်စွက် ဆွေးနွေး၍ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးက အခမ်းအနား နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ တက်ရောက် လာသည့် ကော်မတီများမှ ဆွေးနွေးတင်ပြကြပြီး အထွေထွေ ဆွေးနွေးကြကာ လိုအပ်ချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - မောင်မောင်သန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)