ကျုံပျော်မြို့ အ.လ.က ရွာသစ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျုံပျော်မြို့ အ.လ.က ရွာသစ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ



MNP - ဖေဖော်ဝါရီ     ၅

ကိုယ်ခံစွမ်းအားမြှင့်တင်ရေး အားကစားပုံမှန်လှုပ်ရှားပေးဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ် ၍ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ရွာသစ်အခြေခံပညာအလယ်တန်းကျောင်း၌ ဖေဖော်ဝါ ရီ ၄ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနဦးစီးမှူး ဒေါ်နှင်းနှင်းအေးကကျောင်း သားလူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးစေရေးအတွက် ငယ်စဉ်ကပင် ဆောင်ရွက်တတ်ဖို့လိုအပ်ကြောင်း၊ အားကစားပြုလုပ်ခြင်းဖြင့် နာမကျန်းဖြစ်ခြင်း၊ ဆေးဝါး ကုသမှုမှကင်းဝေးခြင်းနှင့် မိမိနှင့်တကွ မိသားစုအားလုံးပါ ပျော်ရွှင်မှုရနိုင်ကြောင်း စသည့်ကျန်းမာရေး အကျိုးကျေးဇူးများနှင့် အားကစား စိတ်ပါဝင်စားသည့် လူငယ်များအတွက် နိုင်ငံဂုဏ်ဆောင် အားကစားသမားများအဖြစ် သင်ယူလေ့ကျင့်ပေးနေမှုများကိုပါ သိရှိနိုင်စေရန် ဟော ပြောခဲ့သည်။

ထို့နောက် ကျောင်းတွင်အသုံးပြုရန် အားကစားအထောက်အကူပြုပစ္စည်းများကို ကျောင်းအုပ်ဆရာကြီး ဦးကျော်ဌေးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ သည်။

ထို့နောက် အမျိုးသမီး Fitness Dance အဖွဲ့က တေးသီချင်းဖြင့် ကပြဖျော်ဖြေပြီး၊ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေးလေ့ကျင့်ခန်းကို ကျောင်းသား ကျောင်းသူများနှင့်အတူ လေ့ကျင့်ပြသခဲ့ကြောင်း သိရသည်။ အဆိုပါဟောပြောပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာနတာဝန်ရှိသူများ၊ ဌာန ဆိုင်ရာများ၊  ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - လပြည့်ဦး 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)