ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ကျင်းပ





MNP - ဖေဖော်ဝါရီ ၁၈

ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ (၁/၂၀၂၂) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းသည် နှစ်ရာခိုင်နှုန်းအထိကျဆင်းခဲ့ရာမှ ယခုအခါ ရောဂါကူးစက်သူများပြန်လည်တွေ့ရှိ လာရပါကြောင်း၊ စစ်တွေမြို့အပါအဝင် အခြားသော မြို့နယ်များတွင်လည်း ရောဂါကူးစက်မှုများ ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ရောဂါကူးစက်ခံရသူများကိုလည်း သက်ဆိုင်ရာ ဆေးရုံများနှင့် ကုသရေးစင်တာများတွင် ကုသပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါစက်မှုနှုန်းတိုးလာသည်နှင့်အမျှ ပေါ့ပေါ့ဆဆနေထိုင်၍ မရနိုင်ပါကြောင်း၊ ရောဂါကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်ရန်အတွက် လုပ်သင့် လုပ်ထိုက်သည်များကို တိတိကျကျလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ကူးစက်မှုနှုန်းကို အရေးတကြီး ထိန်းချုပ်ရန်လိုအပ်သည့်အတွက် ဌာနဆိုင်ရာများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချုပ်ရေး အတွက် ဝိုင်းဝန်လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထု တစ်ရပ်လုံး ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်နိုင်ရန်အတွက် နိုးဆော်ပေးကြရန်နှင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို တတ်နိုင်သည့်ဘက်က ကြိုးစားဆောင်ရွက်ကြရန် ပြောကြားသည်။ ဆက်လက်၍ ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးဗဟိုကော်မတီ၏ ညွှန်ကြားချက်များ၊ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေများ၊ ရောဂါကူစက်ခံရသူများအား ဆေးကုသခံယူနေမှုများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေ၊ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်း ပါဝင်ရန်လိုအပ်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်း များမှ တာဝန်ရှိသူများက  ရခိုင်ပြည်နယ် အတွင်း ကိုဗစ်ပထမလိုင်း၊ ဒုတိယလိုင်းနှင့် တတိယလိုင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခဲ့မှုများ၊ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြ ကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က   ပေါင်းစပ်ညှိနှိုင်း ပေးပြီး နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့ကြောင်းသိရသည်။

သတင်း - တင်ထွန်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)