ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီး (၆)လပြည့်၍ ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီး (၆)လပြည့်၍ ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ


MNP - ဖေဖော်ဝါရီ    ၂၆  

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်အတွင်းရှိ ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသူများ နှင့် ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီး (၆)လပြည့်၍ ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ဆင်ဖြူတော်ဘုရားကြီးဓမ္မာရုံအတွင်း ဆက်လက်ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်းချက် များနှင့်အညီ ကာကွယ်ဆေး မထိုးမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောင်ဆီဂျင် ပမာတိုင်းတာခြင်းစသည့် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး ကာကွယ်ဆေးများ ထိုးနှံပေးကာ ဆေးထိုးပြီးသူများကို မိနစ်(၃၀)ခန့်စောင့်ကြည့်ပြီးမှ ထွက်ခွာခွင့် ပြုခဲ့ကြောင်း သိရသည်။ ကာကွယ်ဆေးပုလင်းရေ အလုံးရေ (၁၁၈၂၅)လုံးရရှိ၍ အောက်တိုဘာ (၁၁)ရက်နေ့မှ ဖေဖော်ဝါရီ (၂၅)ရက်နေ့ထိ (၅၂၇၄၈)ဦး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။

သတင်း - ဇော်ထက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)