ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေး




MNP - ဖေဖော်ဝါရီ     ၅

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ  တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက ဘားအံမြို့နယ်အတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံဂေါက်ကလပ်၌ ကျင်းပပြုလုပ်သည့်  (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲသို့ တက်ရောက်ပြီး ဂေါက်သီးရိုက်၍ ပြိုင်ပွဲအား ဖွင့်လှစ် ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံမြို့နယ် ကော့မရမ်းကျေးရွာ၌ သမဝါယမနှင့်ကျေးလက်ဒေသ ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ(၆)လဘတ်ဂျက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသော ကျေးလက် ရေပေးဝေရေးလုပ်ငန်း၊ အမြင့်တင်ရေစင် ဆောက်လုပ်ခြင်းနှင့်ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းတို့ကို သွားရောက်ကြည့်ရှု့စစ်ဆေးရာ ကရင်ပြည်နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦရန်မျိုးနိုင်နှင့်တာဝန်ရှိသူများက ကော့မရမ်းကျေးရွာ ရေပေးဝေ ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအ နေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ဒေသခံပြည်သူများက မြစိမ်းရောင် ကျေးရွာစီမံကိန်းချေးငွေရရှိနိုင်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တောင်သူ ဦးစောချန်ချန်၏ တစ်နိုင်တစ်ပိုင် ဝက်မွေးမြူ ရေးခြံသို့ သွားရောက်ကြည့်ရှု့အားပေးကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံမြို့နယ်၊ ကော့ဒါန်းမယ်ကျေးရွာ မြစိမ်းရောင်စီမံကိန်း ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ မြစိမ်း ရောင်ချေးငွေ (အရင်းမပျောက်မတည်ရန်ပုံငွေဖြင့်)ဆောင်ရွက် သောလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးမေးမြန်းရာ ကော်မတီဝင်များက ပြန်လည် ရှင်းလင်း တင်ပြခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကော့ဒါန်းမယ်မင်္ဂလာဇေယုံကျောင်း တိုက်အုပ်ဆရာတော် ဥူးပညာဝံသအား သွားရောက်ဖူးမြော် ကြည်ညိုကြ၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကော့ဒါန်မယ်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်သော စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်စုံဆိုင်လုပ်ငန်း၊  နွားမွေးမြူရေးလုပ်ငန်းနှင့် အတိုးရငွေဖြင့် ကျေးရွာခန်းမ တည်ဆောက်မည့်  မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ(၆)လဘတ်ဂျက်တွင် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်သော ဘားအံမြို့နယ်၊ ထုံးအိုင်-ကော့သံခါကျေးရွာ ကုန်ထုတ်လမ်း ၁ မိုင် ၂ ဖါလုံအား ၁၆ ပေအကျယ်၊ တစ်ပေခွဲ ဂဝံခင်းခြင်းနှင့်  BOX Culvert (၂၂ ပေ x ၅ပေ x ၅ပေ) ဆောင်ရွက်ခြင်းလုပ်ငန်းကိုကြည့်ရှုစစ်ဆေးရာ ပြည်နယ်ညွန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လမ်းအားကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မိန်းမလှကျွန်း-ကော့သံခါလမ်းပိုင်းတွင် ဒေသထွက်ကုန်စာဖိုဆောင်သီးနှံများအား ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေကြသည့် တောင်သူများနှင့်တွေ့ဆုံ၍ ယခုနှစ်သီးနှံထွက်ရှိမှု၊ ဈေးကွက်ဝယ်လိုအားနှင့် တင်ပို့ရောင်းချရာတွင် ကြုံတွေ့နေရ သည့် အခြေအနေများကို မေးမြန်းဆွေးနွေး၍ လိုအပ်သည်များ အကြံပြုဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ(၆)လဘတ်ဂျက်တွင် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဘားအံ မြို့နယ်၊ မိန်းမလှကျွန်း-ကော့သံခါ ကျေးရွာ ကုန်ထုတ်လမ်း ၃ မိုင် ဂဝံခင်းခြင်း လုပ်ငန်းနှင့် တောကြီးကျေးရွာတွင် ဘားအံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ VDP  စီမံကိန်းဖြင့်ဆောင်ရွက်သော ကွန်ကရစ်လမ်း (၈၅၀ ပေx ၁၂ပေ x ၆လက်မ )တို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)